Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဗာရ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသည့် CNDF တပ်မဟာများထဲမှ တပ်မဟာ ၁ အတွက် မောင်းပြန်ကမ်ပိန်းပြုလုပ်

ဗာရ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသည့် CNDF တပ်မဟာများထဲမှ တပ်မဟာ ၁ အတွက် မောင်းပြန်ကမ်ပိန်းပြုလုပ်

0
By Editor on September 26, 2023 Khonumthung

(006SV)

စစ်ကောင်စီတပ် အများအပြား အထိနာသည့် ဗာရ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသည့် CNDF တပ်မဟာများထဲမှ တပ်မဟာ ၁ ၏ ရဲဘော်များကို မောင်းပြန်တပ်ဆင်ပေးနိုင်ရန်အတွက် CNO/ CNDF မှ သိန်း ၅၀၀၀ ကမ်ပိန်းကို ယနေ့ စတင်ပြုလုပ်သည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တပ်မဟာ ၁ က ချင်းပြည်နဲ့ စစ်ကိုင်းကြားမှာ ရှိတဲ့ နယ်စပ်ဖြစ်နေတဲ့အတွက် စစ်ရေးစစ်ရာအရမှာ တကယ့် အရေးပါတဲ့ နေရာဖြစ်လို့ပါ။ အဲဒါကြောင့် ကျနော်တို့က ရဲဘော်တွေက လက်နက်အင်အားနည်းနေတော့ စစ်ရေးအတွက် အဓိက ကျတဲ့ နေရာဖြစ်တာရော၊ ရဲဘော်တွေရဲ့ အဝတ်အစားနဲ့ စားဝတ်နေရေးအတွက်ပါ ဒီကမ်ပိန်းကို လုပ်လိုက်ရတာ ဖြစ်ပါတယ်။ ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ ပြီး ကမ်းပိန်မှာ စွမ်းအားရှိသ၍ ပါဝင်ပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်း က ပြောသည်။

အဆိုပါ “ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ အပြီ” ရန်ပုံငွေကမ်ပိန်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မှာဖြစ်ပြီး တပ်မဟာ ၁ မှ ရဲဘော်များကို ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ပေးနိုင်ရန် သိန်း ငါးထောင်ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။

CNDF တပ်မဟာ ၁ သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး ယင်းတပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ ဗာရ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၀ရက်က CNDF တပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ဖလမ်းမြို့နယ်က စစ်ကောင်စီအထိုင်စခန်းဖြစ်သည့် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်ကြီးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး တပ်သား ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.