Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော် ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော် ထပ်မံဖမ်းဆီး

0
By Editor on October 6, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့  Zemabawk ရပ်ကွက်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၁ ကီလိုကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာ ၄ ရက်ညက ထပ်မံဖမ်းဆီးကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က အိုင်ဇောလ်ခရိုင်အထူးရဲတပ်ဖွဲ့က အရှေ့ Zemabawk ရပ်ကွက်တွင် အိမ်စီးကားတစ်စီးကို ရှာဖွေ စစ်ဆေးရာမှာ အလေးချိန် ၁၁ ကီလိုကျော်ရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေးကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။

မူးယစ်ဆေး၀◌ါးနှင့်အတူ ချင်းပြည်နယ်ရိခေါ်ဒါရ်မြို့အမှတ် ၂ (Khawmawi) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၇ နှစ်အရွယ် Ropianga ကိုလည်း ဖမ်းဆီးကာ မူးယစ်ဆေး၀◌ါးရောင်း၀ယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားမှုတို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ယခုဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေး၀◌ါးသည် နိုင်ငံတကာပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၃၄၀၀ ခန့်တန်ဖိုးရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

အလားတူ အောက်တိုဘာလ ၄ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Mualkawi ရွာအနီးတွင် ချင်းပြည်နယ် မတူပီမြို့ နယ်ဘက်က အသက် ၂၅ နှစ်အရွယ် Lalduati ဆိုသူထံမှ ဘိန်းဖြူ ၁၄၉ ဂရမ်ကို အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာန ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းမှာဖော်ပြထားသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှာ ရူပီးငွေ သိန်း ၃၁၀၀ ခန့်တန်ဖိုးရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေး ၁၀ ကီလိုကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.