Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆမီးမြို့ အနီး ဟီ၀ရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဆမီးမြို့ အနီး ဟီ၀ရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
By Editor on November 13, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာမှာ ဟီဝရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား သည်ဟု ဒေသခံများက ပြောသည်။

“ဆမီးမှာ CNA က စကစ ကင်းစခန်းစောင့် တိုက်ခိုက်ပြီး မနေ့က ကင်းစခန်းအနီးက ဟီဝရွာသားတွေကို စကစ ဖမ်းဆီးသွားပါတယ်။ ဆမီးတပ်စခန်းမှာ ခေါ်ဆောင်သွားတယ်။ လေးယောက်တော့ သိထားပါတယ်။ ရွာနဲ့အနီးမှာ တိုက်ပွဲဖြစ်တော့ ဖမ်းဆီးစစ်ဆေးသလားတော့ အတိအကျ မသိသေးဘူး။ အဖမ်းခံရသူတွေက ရိုးရိုးတောင်သူတွေပါ” ဟု ဆမီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်က ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ ကင်းစခန်းက ပြန်လာသော  စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်ဦး (CNF/CN A) စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကို သိမ်းဆည်းရမိသည်ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  ခိုနူမ်းသုန်းသတင်းဌာနကို အတည်ပြု ပြောဆိုထားသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တစ်ပတ်အကြာ နိုဝင်ဘာလ ၉ ရက်က ဟီဝရွာသား အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၄ ရက်က တိုက်ပွဲတွင် ဆမီးဒေသခံ ကလေးမိခင်တစ်ဦး ကျည်ထိပြီး ပလက်ဝဆေးရုံးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.