Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆမီးမြို့ အနီး ဟီ၀ရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဆမီးမြို့ အနီး ဟီ၀ရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
By Editor on November 13, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာမှာ ဟီဝရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား သည်ဟု ဒေသခံများက ပြောသည်။

“ဆမီးမှာ CNA က စကစ ကင်းစခန်းစောင့် တိုက်ခိုက်ပြီး မနေ့က ကင်းစခန်းအနီးက ဟီဝရွာသားတွေကို စကစ ဖမ်းဆီးသွားပါတယ်။ ဆမီးတပ်စခန်းမှာ ခေါ်ဆောင်သွားတယ်။ လေးယောက်တော့ သိထားပါတယ်။ ရွာနဲ့အနီးမှာ တိုက်ပွဲဖြစ်တော့ ဖမ်းဆီးစစ်ဆေးသလားတော့ အတိအကျ မသိသေးဘူး။ အဖမ်းခံရသူတွေက ရိုးရိုးတောင်သူတွေပါ” ဟု ဆမီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်က ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ ကင်းစခန်းက ပြန်လာသော  စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်ဦး (CNF/CN A) စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကို သိမ်းဆည်းရမိသည်ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  ခိုနူမ်းသုန်းသတင်းဌာနကို အတည်ပြု ပြောဆိုထားသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တစ်ပတ်အကြာ နိုဝင်ဘာလ ၉ ရက်က ဟီဝရွာသား အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၄ ရက်က တိုက်ပွဲတွင် ဆမီးဒေသခံ ကလေးမိခင်တစ်ဦး ကျည်ထိပြီး ပလက်ဝဆေးရုံးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.