Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံအလင်းဝင်ရန် ပလက်ဝခရိုင် ကောင်စီက ထုတ်ပြန်ထား
ပုံစာ - ပလက်ဝမြို့နယ်ရဲစခန်း။ (ပုံဟောင်း)

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံအလင်းဝင်ရန် ပလက်ဝခရိုင် ကောင်စီက ထုတ်ပြန်ထား

0
By Editor on November 16, 2023 Khonumthung

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရန် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က “ပလက်ဝနယ်ဖက်မှာ အထူးသဖြင့် စကစအတွက် စစ်တိုက်ပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ရဲတွေ၊ စစ်တပ်တွေအပြင် CDM မလုပ်တဲ့ဝန်ထမ်းတွေလည်းပဲ အခုချိန်မှာ ပြည်သူနဲ့အတူ ရပ်တည်ပြီးမှ ပြည်သူ့ဖက်မှာ အလင်း ဝင်ကြပေးဖို့ပါ စကစအတွက် အသေခံပေးတဲ့ ရဲတွေ၊ စစ်သားတွေဟာလည်း ပြည်သူတရပ်ပဲပါ” ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ရင်ခွင်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်လုံခြုံရေးကို အာမခံသည့်အပြင် လူ့ဂုဏ်သိက္ခာနှင့် မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပဲ ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၎င်းအပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာချင်သော စစ်ကောင်စီတပ် ရဲ၊စစ်သားများအနေဖြင့် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ (ပလဝ) နှင့် ဆက်သွယ်ဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဆက်သွယ်ကာ ပြည်သူရင်ခွင်ထံ ခိုလှုံရမည်ဟု ဖော်ပြသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ CDM ပြုလုပ်သူများရှိသော်လည်း လုံခြုံရေးအခြေနေများကြောင့် အရေအတွက် တိကျစွာ ဖော်ပြခွင့်မရသေးကြောင်း ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.