Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

0
By Editor on November 27, 2023 Khonumthung

(003PT)

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီဇာမွာလ်ကျေးရွာက အသက် ၁၀၀ ကျော်အရွယ်ရှိပြီဖြစ်သော အဖွားအိုသည် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၆၈ တပ်ကုန်းမှ ယနေ့မနက်ပိုင်း ၂ နာရီ၀န်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖလမ်းမြို့အနီးရှိ စီဇာမွာလ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒီမနက် ၂ နာရီဝန်းကျင်မှာ သူတို့လက်နက်ကြီးကျပြီးတော့ အဖွားအိုတစ်‌ယောက် သေသွားတယ်ပေါ့နော်။ ပြီးတော့ သူ့သူမီးတစ်ယောက်ကလည်း ဒဏ်ရာရတယ်၊ အခု ဖလမ်းပြည်သူ့ဆေးရုံမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးထိခိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၁၀၅ နှစ်အရွယ်ရှိ Pi Ram Tlung ဖြစ်ပြီး သူမီးဖြစ်သူ အသက် ၆၄ အရွယ်ရှိ Pi Zo Htwe မှာလည်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စီဇာမွာလ် ကျေးရွာသည် ဖလမ်းမြို့အောက်ဘက် ၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး ဖလမ်း-ကလေး လမ်းမကြီးအနီးရှိ ရွာတစ်ရွာဖြစ်သည်။

Photo crd- Rihli Voice

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.