Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

0
By Editor on November 30, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု လူထုအကြား စိုးရိမ်မှုမြင့်တက်လာနေသောကြောင့် ကလေးမြို့ပေါ်ရပ်ကွက်က ပြည်သူတချို့မှာ ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်သူ ပိုများလာသည်ဟု သိရသည်။

ကလေးမြို့ခံတစ်ဦးက “ ဒီဇင်ဘာ (၁၅) နေ့မတိုင်ခင် ထွက်ရမယ်လို့ပြောကြတာနဲ့ အိမ်နားက စစ်ဘေးလာရှောင်သူတွေလဲ သူတို့ရှာဖက်မှာ နည်းနည်းအဆင်ပြေလာပြီး၊ ဒီမြို့တွင်းမှာလည်း ဆိုးလာမယ်ဆိုပြီး ပြန်ကြတယ်၊ နောက်ပြီး တချို့တွေဆိုရင်လည်း အထုတ်အပိုးနဲ့ ကျေးရွာဖက်ကိုသွားကြတယ်” ဟုပြောသည်။

ကလေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တင်လာတော့မည်ဖြစ်သောကြောင့်  စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် နေရာအနီး၊ စကစတပ်ရင်း၊ တပ်စခန်းများ၊ စကစဂိတ်များ၊ရဲစခန်းများအပါအဝင် ပျူစောထီးကျေးရွာအနီးတို့တွင် နေထိုင် သည့်ပြည်သူများ ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် အမြန်ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန်ပြီးသည့်အချိန်ကစ၍ ကလေးမြို့ပေါ်တွင်နေထိုင်ကြသော ပြည်သူအများစုမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်မှု ပိုမို မြင့်တက်လာနေပြီး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သူများသာမက မြို့တွင်းနေထိုင်သူများသည် ကျေးရွာဘက်သို့ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ကလေးမြို့ထဲသို့ ကျေးရွာများဘက်မှ စစ်ဘေးရှောင်လာကြသူများမှာလည်း မိမိကျေးရွာဘက်သို့ ပြန်လည်အခြေချနေထိုင်သူများလာကြောင်း သိရသည်။

တာဟန်းရပ်ကွက်၊ မူးယစ်ရုံးအနီးတွင်နေထိုင်သူပြည်သူတစ်ဦးက ”သူတို့တပ်စွဲထားတဲ့နေရာနဲ့ ကိုက် (၅၀၀) လောက်မှာ ရှောင်ပါလို့ပြောတယ်။ အိမ်က သူတို့တပ်စွဲတဲ့နေရာနဲ့ အရမ်းနီးတာဆိုတော့ ကျမတို့တော့ ရှောင်ရမယ်။ အိမ်ဘေးကတွေ လည်း ရှောင်ကုန်ပြီ” ဟု ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ပါက နေအိမ်များ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မူများလည်းရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.