Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် Pu Lalduhoma နှင့် ၀န်ကြီးများ ကျမ်းသစ္စာကျိန်ဆို

မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် Pu Lalduhoma နှင့် ၀န်ကြီးများ ကျမ်းသစ္စာကျိန်ဆို

0
By Editor on December 8, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသော Zoram People’s Movement (ZPM) က အစိုးရသစ်ဖွဲ့ စည်းရန် ၀န်ကြီးချုပ်သစ် Pu Lalduhoma နှင့် သူ၏ ၀န်ကြီးများက ယနေ့မနက်ပိုင်း ၁၁ နာရီတွင် ကျမ်းသစ္စာကျိန်ဆို ခဲ့သည်ကြသည်။

ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားကို မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ အုပ်ချုပ်ရေးမှူး (Governor) အမ်ယာ Raj Bahwan တွင် ယနေ့ မနက်ပိုင်း ၁၁ နာရီက ကျင်းပခဲ့ကြပြီး ၀န်ကြီးချုပ် Pu Lalduhoma ၊ ၀◌န်ကြီးများအဖွဲ့ (Cabinet of Ministers) ၇ ဦး၊ ပြည်နယ်၀န်ကြီး (Minister of State) ၄ ဦးနှင့် လွှတ်တော်ဉက္ကဌ (Speaker) တို့မှ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ၀◌န်ကြီးချုပ် Pu Lalduhoma သည် India Police Service (IPS) အရာရှိတစ်ဦးလည်းဖြစ်ပြီး အိန္ဒိယ ၀◌န်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိဖြစ်ခဲ့ဖူးသူဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရနှင့် မီဇိုးတော် လှန်ရေးတပ်ဖွဲ့ Mizo National Front (MNF) တို့ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်အဓိက ဆောင်ရွက်ခဲ့သူ ထဲက တစ်ဦးလည်းဖြစ်သည်။

သူသည် India Police Service (IPS) မှအနားယူပြီးနောက် နိုင်ငံရေးလောကတွင် ၁၉၈၄ ခုနှစ်ကစ၍ ခြေစုံပစ်၀◌င်ကာ ယခုအခါမီဇီုရမ်ပြည်နယ်တွင် ၀ါအရင့်ဆုံးနိုင်ငံရေးသမားထဲက တစ်ဦးဟုဆိုနိုင်သူဖြစ်သည်။

သူသည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် ၃ နိုင်ငံမှာ ခွဲခြားအုပ်ချုပ်ခြင်းခံခဲ့ရသော ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေး လိုလားသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် NLD အစိုးရလက်ထက်တုန်းကလည်း ရန်ကုန်၊ ကလေးမြို့တို့တွင် သွားရောက်ကာ မြန်မာဘက်မှာနေထိုင်ကြသော ချင်းမျိုးနွယ်စုများနှင့်တွေ့ဆုံကာ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ် စုများပြန်လည်ပေါင်းစည်းရေးများ ဟောပြောဆွေးနွေးခဲ့ဖူးသည်။

ယနေ့ကျမ်းသစ္စာကျိန်ဆိုသည့် မီဇိုရမ်ပြည်နယ်အစိုးရသစ် Cabinet of Ministers ၇ ဦးမှာ Pu K. Sapdanga, Pu Vanlalthlana, Pu C. Lalsawivunga , Pu Lalthansanga , Dr. Vanlalthlana , Pu PC Vanlalruata နှင့် Pi Lalrinpuii တို့ဖြစ်ကြသည်။ Minister of State ၄ ဦးမှာ F. Rodingliana, B. Lalchhanzova , Prof. Lalnilawma, Lalnghinglova Hmar (Tetea) တို့ဖြစ်ကြပြီး Speaker မှာ Pu Lalfamkima ဖြစ်သည်။

ယနေ့ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ပူးလာလ်ထန်ဟောလ်အာ နှင့် ပူးဇိုးရမ်းထန်းငါ လည်း တက်ရောက်လာခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပြီး အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယအမျိုးသားကွန်ကရက်ပါတီ (INC) နှင့် Mizo National Front (MNF) ပါတီ ၂ ခုက ၁၉၈၇ ခုနှစ်ကစ၍ မီဇိုရမ်ပြည်နယ်မှာ တလှည့်စီအစိုးရဖွဲ့စည်းကာ အုပ်ချုပ်လာခဲ့ကြပြီး ယခုအခါမှာတော့ အစိုးရကို တခါမျှ မဖွဲ့စည်းသေးသော ပါတီအသစ် Zoram People’s Movement (ZPM) ပါတီက ပထမဦး ဆုံးအကြိမ် အစိုးရဖွဲ့စည်းမှုကို မြင်တွေ့ရမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.