(003PT)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူတစ်ဦး မိုင်းနင်းမိ၍ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးရုံတင်ထားရသည်ဟု သိရသည်။
ပလက်ဝမြို့နယ်၊ ကောက်ကြီးဝကျေးရွာတွင်နေထိုင်သူ အသက် ၄၄ နှစ်ရှီ ဦးကျော်ထွန်းသည် ဒီဇင်ဘာလ ၈ ရက်နေ့က ရှင်းလက်ဝကျေးရွာသို့ ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့်သွားနေစဥ် ရှင်းလက်ဝ ရွာအနီး လမ်းမတွင် မိုင်းတက်နင်းမိရာမှ ခြေထောက်တွင် ဒဏ်ရာအပြင်းထန်ရရှိခဲ့ခြင်းသည်။
ဒဏ်ရာရရှိသူ ဦးကျော်ထွန်းကို ပလက်ဝဆေးရုံသို့ ပို့ဆောင်ရန်ကြိုးစားခဲ့သော်လည် လမ်းပန်းဆက်သွယ်ရေး အသွားလာ ပိတ်ပင်ထားမှုကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က မိဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပလက်ဝမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒဏ်ရာကတော့ အပြင်းထန်ကတော့ ခြေဖဝါး နည်းနည်း ပွမ်းပဲ့တဲ့အနေထားရှိတယ်။ ပြီးတော့ ပေါင်းတွေလည်း ကျည်အစတွေ ထိတဲ့ဟာတွေရှိတယ်၊ ဓာတ်မှန်တွေရိုက်ပြီးမှ Operation လုပ်မယ်လို့တော့ ဒေါက်တာက ချိန်းထား တာရှိတယ်။ ဆိုတော့ အခက်ခဲတစ်ခုက ပြည်ပမှာလဲ သူ့ရဲ့ညီအစ်ကို အသိုင်းအဝိုင်းကမရှိတဲ့အခါမှာကျတော့ ငွေရေးကြေးရေးက အခက်ခဲရှိတယ်။ ပံ့ပို့မယ့်လူက မရှိဘူး” ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းဒဏ်ရာကြောင့် ဒဏ်ရာရရှိသူ ဦးထွန်းကျော်သည် မိသားစုဝင် ၆ ဦးရှိပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောနေသည့် သာမန်ပြည်သူတစ်ဦးဖြစ်သည်။
ဦးကျော်ထွန်းအား အကူအညီ အထောက်ပံ့များပေးလိုသူများရှိပါက ယခု ဖုန်းနံဘတ် ၉၂၃၃၆၇၆၁၅၁ တွင် ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်သည်။