Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်းငင်းကားလမ်း အဆင်းကားများအတွက် ၃ ရက် လမ်းဖွင့်ပေး

ကလေး-သိုင်းငင်းကားလမ်း အဆင်းကားများအတွက် ၃ ရက် လမ်းဖွင့်ပေး

0
By Editor on December 18, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန်မြို့သို့ဆက်သွယ်သော ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ အဆင်းကားများအတွက် ၃ ရက်အတွင်း ဖွင့်လှစ်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin က ထုတ်ပြန်သည်။

တီးတိန်-သိုင်းငင်း-ကလေးမြို့လမ်းမကြီးနှင့် ဖလမ်းမြို့-သိုင်းငင်း-ကလေးမြို့ကားလမ်းမကြီးကို ဒီဇင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်နေ့အတွင်း အဆင်းကားများအတွက် လမ်းဖွင့်ပေးမည်ဖြစ်ပြီး အတက်ကားများကို လုံးဝ (လုံးဝ) မဖွင့်ပေးကြောင်း စိတ်ရွည်စွာ သည်ခံပေးရန် CDF-CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကဆက်သွယ်သော ကလေး-သိုင်းငင်းကားလမ်းကို လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် သွားလာခြင်းမပြုရန် နိုဝင်ဘာလ ၂၇ ရက်နေ့စပြီး CDF-CDM Siyin က ပိတ်ပင်ထားခြင်းဖြစ်သည်။

အဆိုပါကားလမ်း ပိတ်ထားခြင်းကြောင့် ဖလမ်းမြို့နယ် ဗားလုံကျေးရွာအနီးတွင် ချင်းတောင်မှ ကလေးမြို့သို့ ဆင်းမည့်ကားအစီး ၁၀၀ ကျော်ခန့် ၂ ပတ် ကျော်ကြာပိတ်မိခဲ့ရသည်။

ထို့အပြင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ သွားမည်ဆိုပါကလည်း ကလေး-‌ေ၀ဘူလ-ဖလမ်း ကားလမ်းဖြင့် ကွေ့ပတ်သွားရပြီး ကားခမှာလည်း လူတစ်ဦးလျှင် တစ်သိန်းရှစ်သောင်းခန့်အထိ ခုန်တက်သွားခဲ့သည်။

ယခုကာလသည် ခရစ္စမတ်ကာလဖြစ်သောကြောင့် ရပ်‌ေ၀◌းမှ မိသားစု၀င် များသည် မိမိနေရပ်သို့ ပြန်ချင်နေသည့်အချိန် ကားလမ်းပိတ်ထားမှုကြောင့် အခက်ကြုံနေကြရာက ယခုကဲ့သို့ အဆင်းကားများ ဖွင့်ပေးသည့်အပေါ် ၀မ်းသာကြောင်း နယ်စပ်နေဒေသခံတစ်ဦးက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.