Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ဂန့်ဂေါလမ်းပေါ် ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်

ဟားခါး-ဂန့်ဂေါလမ်းပေါ် ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်

0
By Editor on December 18, 2023 Headline

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟာခါး-ဂန့်ဂေါလမ်းပေါ်မှာတည်ရှိသော ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်ရဲစခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သိမ်းတာက မနက်ပိုင်း ၁၀ နာရီကတည်းကပါ။ မနေ့ကတည်းက ဒရုန်းနဲ့စတိုက်တယ် ဒီနေ့မနက်က အင်အားနဲ့ ဝင်တိုက်တဲ့အခါကြတော့ သိမ်းနိုင်သွားတယ်။ စခန်းက နယ်စပ်မှာရှိတဲ့စခန်းဆိုတော့ စစ်ရေးလုပ်ရှားမူပိုင်းမှာဖြစ်ဖြစ်၊ ဗျုဟာအတွက်လည်း အရေးပါတယ်။ဘုံဇုံးစခန်းလည်း လက်ထဲရောက်သွားပြီဆိုတော့ ပြင်ဆင်ဖို့အတွက် မြို့သိမ်းတိုက်ပွဲအတွက်လည်း ပိုကောင်းသွားတယ်” ဟု CDF –Hakha က တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအ၀င် စတပ်သားများ အရှင်ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်းမှာ CDF –Hakha ရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်က ရဲဘော် (၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ဘုံဇုံးကျေးရွာသည် ချင်းပြည်နယ်နှင့် ဂန့်ဂေါအစပ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.