Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသည့် မြန်မာ ၁၅၀ ကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် India For Myanmar တောင်းဆို

မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသည့် မြန်မာ ၁၅၀ ကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် India For Myanmar တောင်းဆို

0
By Editor on December 22, 2023 Khonumthung

(006SV)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း မတရားထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၁၅၀ ခန့်ကို ချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် ခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmar က ယနေ့မှာ တောင်းဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် H.E N Biren Singh ထံ ပေးပို့သည့် “မဏိပူရ်ပြည်နယ်ရှိ ဖမ်းဆီးခံရထားရသော မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် အရေးပေါ်အကူအညီ တောင်းခံချက်” အိတ်ဖွင့်ပေးစာတွင် India For Myanmar က တောင်းဆိုခြင်းဖြစ်သည်။

မဏိပူရ်ပြည်နယ်တွင် Foreigner Act ဖြင့် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်ရှိပြီး အများစုမှာ ပြစ်ဒဏ်များနှင့် ငွေဒဏ်များ ကျခံပြီးသူများဖြစ်သည်ဟု သိရသည်။

သို့သော် မဏိပူရ်ပြည်နယ်အစိုးရသည် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ Foreigner Detention Centre တွင် ထိန်းသိမ်းထားခြင်းမှာ ဖမ်းဆီးခံရသူများ၏ လွတ်လပ်ခွင့်နှင့် တရားမျှတမှု အခွင့်အရေးများကို ဆုံးရှံးစေသည်ဟု India For Myanmar က ထုတ်ပြန်သည်။

အဖမ်းခံရသူများကို ချွင်းချက်မရှိ အမြန်လွှတ်ပေးပါရန်နှင့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုလိုပါက မီဇိုရမ်ပြည်နယ်နှင့် နယူဒေလီ၊ UNHCR- India ထံတွင် ခိုလှုံခွင့်ရရှိရန် ကူညီပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါကလည်း အဖမ်းခံရသူများ၏ အသက်လုံခြုံရေးကို ထိခိုက်စေနိုင်ပါကြောင်း India For Myanmar က တောင်းဆိုထားသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအရဖြစ်စေ၊ အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒများအရ ဖြစ်စေ၊ အနာဂါတ်မြန်မာ- အိန္ဒိယ ဆက်ဆံရေးကို ထောက်ထား၍ ဖြစ်စေ မြန်မာစစ်ဘေးရှောင်များ ဆိုးဝါးစွာ သံသယဝင်နေမှုများကို လျော့ချပြီး မဏိပူရ်ပြည်နယ်အတွင်း ခိုလှုံသူများကို စနစ်တကျ စာရင်းပြုစုကာ ကူညီကာကွယ်ပေးပါရန် ထပ်မံတောင်းဆိုထားသည်။

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများသည် ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ငြိမ်းချမ်းစွာ အစားငတ်ခံ ဆန္ဒပြုမှုများ လုပ်ဆောင်နေသောကြောင့် မဏိပူရ်အာဏာပိုင်းမျာက ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ အစားငတ်ခံဆန္ဒပြသူများကို နှင်းကျသည့်နေရာတွင် အိပ်စေခြင်း၊ အဝတ်အစားများ ခွတ်၍ ရိုက်နှက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ထို့အပြင် Foreigner Detention Center တွင် ထိန်းသိမ်းခံထားရသော တခြားအကျဉ်သားများလည်း ဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ အစားငတ်ခံ ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လထဲမှာပင် မဏိပူရ်ပြည်နယ်သို့ ခိုလှုံလာသူများနှင့် နယူဒေလီသို့ သွားရန် ကြိုးပမ်းသည့် အသက် ၁၈ အောက် ကလေးငယ် ၂၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀၅ ဦး ဖမ်းဆီးခံထားရပြီး ၈၆ ဦးသည် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်၍ ဒီဇင်ဘာလ ၁၅ ရက်တွင် ပြန်လွှတ်ပေးရမည်သူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.