Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကြောင်းမှူးအပါ၀င် ရဲဘော် ၄ ဦး ကျဆုံး၊ ၁၁ ဦးဒဏ်ရာရရှိကြောင်း CDF မင်းတပ်ထုတ်ပြန်

စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကြောင်းမှူးအပါ၀င် ရဲဘော် ၄ ဦး ကျဆုံး၊ ၁၁ ဦးဒဏ်ရာရရှိကြောင်း CDF မင်းတပ်ထုတ်ပြန်

0
By Editor on December 27, 2023 Headline

(006SV)

ချင်းပြည်နယ်နှင့် မကွေးတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း ဒီဇင်ဘာလထဲတွင် စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF – မင်းတပ်မှ ဒီဇင်ဘာလ ၂၆ ရက်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၄ ရက် ၁၂ ရက်ထိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတိုက်ပွဲတွင် CDF မင်းတပ်မှ ရဲဘော် ၂ ဦး ကျဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်း ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၈ ရက်က မင်းတပ်မြို့အတွင်းတိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦး သေဆုံးပြီး ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက် CDF – Mindat၊ CNDF၊ CDF – Matupi နှင့် CDF – Loutu ချင်းပူးပေါင်းတပ်များ၏ မတူပီမြို့နယ်၊ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲတွင်လည်း CDF – မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်က မကွေးတိုင်း၊ ဂန့်ဂေါ- ထီးလင်းကြားရှိ စစ်ကောင်စီ၏ မြစ်သာမြစ်ဆည်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများ ဝင်ရောက်စီးနင်းသိမ်းပိုက်သော တိုက်ပွဲတွင် CDF – မင်းတပ်၏ စစ်ကြောင်းဦးဆောင်သူ စစ်ကြောင်းမှူး ဆလိုင်းတဗ်လိန် ကျဆုံးခဲ့ရပြီး ရဲဘော် ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းက CDF – မင်းတပ်၏ စစ်ကြောင်းမှူး ဆလိုင်းတဗ်လိန်း ကျဆုံးမှုနှင့်ပတ်သက်၍လည်း ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့သည်။

မြစ်သာမြစ်ဆည် စခန်းသိမ်းတိုက်ပွဲကို CDF – Mindat၊ CDF – Satheang၊ CNDF၊ CDF – Zotung၊ CDF – Zophei၊ CDF- Lautu၊ CDF – Mara၊ Unbroken Generations နှင့် KKG ဂန့်ဂေါခရိုင်တပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများ များပြားပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိသည်၊ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု CDF များက ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရန်အတွက် ယခုပြုလုပ်နေသည့် Project Mindat ၂၀၂၄ ကမ်းပိန်တွင် ပါဝင်အားဖြည့်ကူညီပေးကြရန် CDF – မင်းတပ်က တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.