(002MG)
ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ-၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးသည် လက်နက်ခဲယမ်းနှင့်အတူ PDF-Zoland ထံသို့ အလင်းဝင်ခဲ့သည်ဟု PDF-Zoland က ထုတ်ပြန်ပါသည်။
အဆိုပါစစ်ကောင်စီတပ်သား (၃) ဦးတို့သည် ဇန်နဝါရီလ (၆) ရက်နေ့က အလင်းဝင်လာခြင်းဖြစ်ကြပြီး MA-3 သေနတ် (၃) လက်၊ ကျဥ်ဘောက်(၁၂) ခု၊အီနာဂါ ဗုံးသီး (၈) လုံး၊ ၄၀မမ ဗုံးသီး (၉) လုံး၊ ကျည်ဆံအများအပြား နှင့် စစ်သုံးဆောင် ပစ္စည်းများဖြင့်ဝင်လာကြသည်။
အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း တီးတိန်မြို့အခြေစိုက် ခလရ-၂၆၉ မှ ဒု-တပ်ကြပ် ဝေလင်းသည် စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ MA- 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆံ (၁၅၀) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ လက်ပစ်ဗုံး (၁) နှင့်အတူ အလင်းဝင်ခဲ့သည်ဟု သိရသည်။