(005MK)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်တွင် ဇန်န၀◌ါရီလ ၈ ရက်ညက မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘိန်းဖြူ ဂရမ် ၅၀၀ ကျော် ဖမ်းဆီးရမိသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် မူးယစ်ဆေး၀◌ါးတိုက်ဖျက်ရေးဌာနနှင့် ဇိုခေါထာအကောက်ခွန်ဌာနမှ တာ၀န်ရှိသူများက ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာ world bank လမ်းတွင် ဇန်န၀◌ါရီလ ၈ ရက် ညနေပိုင်း ၆ နာရီခွဲခန့်မှာ ဆပ်ပြာဖူးခွံထဲ ထည့်ထားသော ဘိန်းဖြူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ဘိန်းဖြူနှင့်အတူ အဖမ်းခံရသူ ၃ ဦးမှာ အသက် ၃၁ နှစ်အရွယ် ကိုသူ၊ အသက် ၃၁ နှစ်အရွယ် Lalhruaitluanga နှင့် အသက် ၂၁ နှစ်အရွယ် Zachinmawi တို့ဖြစ်ကြပြီး မွန်းလိုင်၊ Hmawngkawn နှင့် Zokhawmawi တွင် နေထိုင်သူများဖြစ်ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်း Bengvarna က ဖော်ပြသည်။
၎င်းတို့အားလုံးကို The Narcotic Drug & Psychotropic Substances Act, 1985 ပုဒ်မဖြင့် တရားစွဲဆိုကာ ပြစ်မှုထင်ရှားပါက ထောင်ဒါဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိနှင့် ငွေဒဏ် ရူပီး တစ်သိန်းမှ ၂ သိန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။