(005MK)
ချင်းပြည်နယ်တွင် စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို စစ်ကောင်စီက အခြားလေယာဉ်တစ်စီးဖြင့် ယနေ့ လာရောက်ခေါ်ထုတ်သွားပြီဟု သိရသည်။
ယမန်နေ့ ဇန်န၀◌ါရီလ ၂၃ ရက်မနက်ပိုင်း ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်သားများကို လာရောက်သယ်ယူမည့် စစ်ကောင်စီ၏ Y-8 အမျိုးအစား လေယာဉ်အမှတ် 5821 သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ပြေးလမ်းချော်ပြီး မတော်တဆဖြစ်ကာ ပျက်စီးသွားခဲ့သည်။
ထို့ကြောင့် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့က နောက်ထပ်လေယာဉ်တစ်စီးစေလွှတ်ကာ မီဇိုရမ်ပြည်နယ်ထဲ ကျန်ရှိနေသော စစ်ကောင်စီတပ်သား ၉၂ ဦးနှင့်အတူ လေယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သော လေယာဉ်အမှုထမ်း ၁၄ တို့ကို လာရောက်ခေါ်ထုတ်သွားသည်ဟု ဒေသတွင်း Bengvarna သတင်းက ဖော်ပြသည်။
ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို နေ့ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ဇန်န၀◌ါရီလ ၂၃ ရက်နေ့တွင် ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။