Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ကို ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီးရုပ်ပုံကို ZoRO က မီးရှို့

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ကို ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီးရုပ်ပုံကို ZoRO က မီးရှို့

0
By Editor on January 29, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ၏ ရုပ်ပုံကို Zo Reunification Organization (ZORO) က အိုင်ဇောလ်မြို့တွင် ယနေ့ မီးရှို့ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP အစည်းအ‌ေ၀းခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့က ယနေ့တွင်ကျရောက်သော ၁၃၂ ကြိမ်မြောက် ချင်း-လူရှိုင်းညီလာခံ (Chin-Lushai Conference) အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားမည့် နယ်စပ်ခြံစည်းရိုးခတ်ကာ FMR ဖြတ်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

Zo Reunification Organization (ZORO) အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ် တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ပြီး အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို ယနေ့ မီးရှို့ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့အစီစဉ်ကို မိမိတို့အနေနဲ့မလိုလားပါဘူး၊ ဒီလုပ်ရပ်ဟာ အိန္ဒိယအစိုးရအနေနဲ့ မိမိတို့မျိုးနွယ်စုတွေကို ပိုင်းခြားဖို့စီစဉ်တာဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ZORO ကပြောသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းကာ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်နိုင်ရန် အရေးဆိုလှုပ်ရှားနေသော မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများအား အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် စုစည်းရန်ကြံဆလာကြရာ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စု အားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိသင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို ကလကတ္တားမြို့ Fort Williams တွင် ဗြိတိသျှဘုရင်ခံချုပ်၏ ခွင့်ပြုချက်အရ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ချင်း – လူရှိုင်း ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့က ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်များသည် မျိုးနွယ်စုတူများဖြစ်သောကြောင့် အုပ်ချုပ်ရေးနယ်မြေတစ်ခုအောက်မှာ ပြန်လည်ထားရှိသင့်သည်ဟုဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ အကောင်အထည်ဖော်မလာဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ကွဲပြားနေထိုင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.