Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ကို ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီးရုပ်ပုံကို ZoRO က မီးရှို့

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ကို ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီးရုပ်ပုံကို ZoRO က မီးရှို့

0
By Editor on January 29, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ၏ ရုပ်ပုံကို Zo Reunification Organization (ZORO) က အိုင်ဇောလ်မြို့တွင် ယနေ့ မီးရှို့ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP အစည်းအ‌ေ၀းခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့က ယနေ့တွင်ကျရောက်သော ၁၃၂ ကြိမ်မြောက် ချင်း-လူရှိုင်းညီလာခံ (Chin-Lushai Conference) အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားမည့် နယ်စပ်ခြံစည်းရိုးခတ်ကာ FMR ဖြတ်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

Zo Reunification Organization (ZORO) အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ် တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ပြီး အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို ယနေ့ မီးရှို့ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့အစီစဉ်ကို မိမိတို့အနေနဲ့မလိုလားပါဘူး၊ ဒီလုပ်ရပ်ဟာ အိန္ဒိယအစိုးရအနေနဲ့ မိမိတို့မျိုးနွယ်စုတွေကို ပိုင်းခြားဖို့စီစဉ်တာဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ZORO ကပြောသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းကာ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်နိုင်ရန် အရေးဆိုလှုပ်ရှားနေသော မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများအား အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် စုစည်းရန်ကြံဆလာကြရာ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စု အားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိသင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို ကလကတ္တားမြို့ Fort Williams တွင် ဗြိတိသျှဘုရင်ခံချုပ်၏ ခွင့်ပြုချက်အရ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ချင်း – လူရှိုင်း ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့က ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်များသည် မျိုးနွယ်စုတူများဖြစ်သောကြောင့် အုပ်ချုပ်ရေးနယ်မြေတစ်ခုအောက်မှာ ပြန်လည်ထားရှိသင့်သည်ဟုဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ အကောင်အထည်ဖော်မလာဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ကွဲပြားနေထိုင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.