Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ စစ်မှုထမ်းတပ်သားအတွက်ပေါ်တာဆွဲ ဖမ်းဆီးမှုပိုဆိုးလာ၊ လူမှုစီးပွားဘဝ ထိခိုက်မှု ပိုများလာ

ကလေးမြို့မှာ စစ်မှုထမ်းတပ်သားအတွက်ပေါ်တာဆွဲ ဖမ်းဆီးမှုပိုဆိုးလာ၊ လူမှုစီးပွားဘဝ ထိခိုက်မှု ပိုများလာ

0
By Editor on November 3, 2026 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းတပ်သားအတွက် ပေါ်တာဆွဲဖမ်းဆီးမှုအခြေအနေပိုပိုဆိုးလာနေပြီး လမ်းသွားလမ်းလာလူငယ်များကို သေနတ်ဖြင့်ချိန်ရွယ်ကာ ဖမ်းဆီးမှုများရှိလာသည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့က တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မကြီး၊ ဒိုးဝိုင်းချောင်းလမ်း ခွဲအနီးတွင် ပစ္စည်း ပို့သည့် လူငယ်အမျိုးသား (၂) ဦးအား စစ်အုပ်စုတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်ရွယ်ကာ ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု သိရသည်။

“အကျီအပြာရောင်၊ အရပ်ဝတ်မျက်နှာဖုံးတွေနဲ့ လမ်းထောင့်တွေမှာ သေနတ်ကိုင်ထားပြီး အခြေခံနေ့ စားအလုပ်သမား၊ လက်လုပ်လက်စား၊ ဆိုက်တွဲဆရာ၊ ပန်းရံဆရာတွေအထိ သူတို့မသင်္ကာတဲ့သူဆို သေနတ်နဲ့ချိန်ပြီး ဥပဒေမဲ့ ဖမ်းဆီးနေ တာပါ။ အဖမ်းအဆီးတွေက ပိုပိုပြီး လူမြင်ကွင်းတွေမှာတွေ့ရတယ်။ အတိအကျတော့ မသိရပေမယ့် စစ်မှုထမ်း အပတ်စဉ်တစ်ခုအတွက် လူအယောက် ၁၅၀ ကနေ ၂၅၀ ကြား အတင်းအဓမ္မဖမ်းဆီးနေ တယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပေါ်တာဆွဲဖမ်းဆီးမှုများလာသည့်အတွက် အသက် (၁၈) နှစ်မှ (၃၅) နှစ်အကြားရှိ လူငယ်အမျိုးသား အများစုသည် ဖမ်းဆီးခံရမည်စိုးရိမ် သောကြောင့် တော်လှန် ရေးတပ် ဖွဲ့များထိန်းချုပ်သည့် နေရာနှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်သူများပြားလာသည်ဟု သိရသည်။

ထို့အပြင် ဘုရားဝတ်ပြု၊ ကျောင်းတက် သည့် လူငယ်များလည်း ဖမ်းဆီးခံရမည်စိုးရိမ်သောကြောင့် တနဂ်နွေနေ့တိုင်း ဘုရားကျောင်းဝတ်ပြုခြင်း နှင့် လူငယ်မိတ်သဟာယ အစီအစဉ်များတွင် ပါဝင်သူ သိသိသာသာ နည်းပါးလာကြောင်း ကလေးမြို့က လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လက တံတားဦးဖက်မှာ အမျိုးသမီး နှစ်ယောက် စက်ဘီးနဲ့လာတာ စက်ဘီးကော လူရော တင် ခေါ်သွားတာ တွေရှိခဲ့တယ်။ အခုက ယောကျာ်းလေးတွေပဲ မဟုတ်ဘဲနဲ့ အမျိုးသမီးတွေလည်း ဖမ်းတာရှိ လာ တော့ အပြင်ကို မထွက်ရဲကြတော့တာ၊ အရင်မှာ တနဂ်နွေနေ့တွေဆို သူငယ်ချင်းတွေနဲ့ ဘုရားကျောင်း သွားကြ၊ လူငယ်တွေစု ပြီးပေါင်းသင်းကြနဲ့ အခုတော့ သူငယ်ချင်းတွေလည်း တစ်နေရာစီဖြစ်ကုန်ပြီ ဖမ်းခံရမှာနဲ့ကို ရှောင်နေကြတာ။” ဟု ကလေးမြို့က လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးမြို့တွင် စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှု ပိုပိုဆိုးရွားလာနေသောကြောင့် ပရဟိတအသင်းများ၊ နာရေးကူညီမှု အသင်းများနှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းများတွင်လည်း အဓိကလုပ်အားပေးပါဝင်နေကြသည့် လူငယ်များ နည်းပါးလာသည့်အတွက် လူမှုရေးလုပ်ငန်းများလည်း ထိခိုက်လာနေကြောင်းသိရသည်။

ပုံစာ- ကလေးမြို့ဗိုလ်ချုပ်လမ်းမ

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အာဆီယံ ခေါင်းဆောင်များထံ မြန်မာလူထု၏ ဆန္ဒကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးရန် ချင်းအပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၇ ဖွဲ့ တောင်းဆို

စစ်တပ်ထိန်းချုပ်ထားသည့် ဟားခါး-ဖလမ်း လမ်းပေါ်တွင် သားအမိ ၃ ဦးနှင့် သုံးဘီးယာဉ်မောင်းတို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

CNDF ၏ ကလေးအခြေစိုက် တပ်မဟာ ၄ တပ်ဖွဲ့ဝင်တချို့ စစ်တပ်ထံပူးပေါင်းဟု သတင်းထွက်ပေါ်မှုအပေါ် CNO ဥက္ကဌ ငြင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 3, 2026

အာဆီယံ ခေါင်းဆောင်များထံ မြန်မာလူထု၏ ဆန္ဒကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးရန် ချင်းအပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၇ ဖွဲ့ တောင်းဆို

November 3, 2026

ကလေးမြို့မှာ စစ်မှုထမ်းတပ်သားအတွက်ပေါ်တာဆွဲ ဖမ်းဆီးမှုပိုဆိုးလာ၊ လူမှုစီးပွားဘဝ ထိခိုက်မှု ပိုများလာ

November 3, 2026

သဘာဝဘေးအန္တရာယ်များကြောင့် ရွှေ့လျားသွားသည့် မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်ဆိုင်ရာ ပြည်သူ့အသိပညာပေး သတိပေးချက်

November 2, 2026

စစ်တပ်ထိန်းချုပ်ထားသည့် ဟားခါး-ဖလမ်း လမ်းပေါ်တွင် သားအမိ ၃ ဦးနှင့် သုံးဘီးယာဉ်မောင်းတို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.