Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) ပူးပေါင်းပါဝင်

စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) ပူးပေါင်းပါဝင်

0
By Editor on January 31, 2024 Headline

(006SV)

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်း ထုတ်ပြန်သည်။

တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရှိခြင်း စသည့် ဘုံသဘောတူညီချက်များနှင့်အညီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force)ကို ဇန်နဝါရီလ ၃၀ ရက်မှစ၍ “ချင်းညီနောင်” အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းညီနောင်တွင် ပူးပေါင်းပါဝင်ရန် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force) သည် CDF-Mara တပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေသည့်အချိန်တွင် ချင်းညီနောင်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/CDF-Mindat၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့သည် ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ကြသည်။

ချင်းညီနောင် သည် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းကာ အနာဂါတ်တွင် ဒီမိုကရေစီ စံနှုန်ထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် CNF/ CNA ၊CDF- Mara နှင့် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF)တို့သည် ဇန်နဝါရီလ ၂၄ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ ရှိထားပြီး လက်ရှိတွင်လည်းစစ်ရေးတင်းမာလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.