Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် စစ်ကောင်စီ ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိအပါအဝင် တပ်သား ၁၅ ဦးကို CDF – Daai ဖမ်းဆီးထိန်းသိမ်းထား၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်အထိ ဒိုင်ရ်ဒေသအတွင်း ရေးကြောင်း သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်ခြင်း မပြုလုပ်ရန် သတိပေး
ပုံစာ - ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား CDF - Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးနေပုံ (Photo - CDF Daai)

ချင်းပြည်နယ်တွင် စစ်ကောင်စီ ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိအပါအဝင် တပ်သား ၁၅ ဦးကို CDF – Daai ဖမ်းဆီးထိန်းသိမ်းထား၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်အထိ ဒိုင်ရ်ဒေသအတွင်း ရေးကြောင်း သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်ခြင်း မပြုလုပ်ရန် သတိပေး

0
By Editor on February 1, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ ဒိုင်ရ်ဒေသအတွင်း ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အစုအပြုံလိုက် ဖမ်းဆီးရမိကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးလာကြတာပေါ့။ ထွက်ပြေးလာတဲ့ ပုံစံကို ကြည့်ရတာ တစ်နေရာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့မှ အဲဒီကနေ ကိုယ်လွတ်ရုန်းလာတဲ့ သဘောလို့ ယူဆယ်။ တချို့ကစခန်းစွန့်ခွာပြီး ပြေးလာ တာဖြစ်နိုင်တယ်။ ကျနော်တို့ ဆီကို ခြေဦးတည့်ရာ ပြေးလာတော့ ကျနော်တို့က နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ ဖမ်းမိ တာဖြစ်ပါတယ်” ဟု CDF – Daai မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၃၀ ရက်က CDF- Daai ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ သုံးပွင့်ဗိုလ်ကြီး (၁) ဦး၊ နှစ်ပွင့်ဗိုလ် (၁) ဦးနှင့် ထောက်လှန်းရေးအရာရှိ (IO) တစ်ဦးအပါအဝင် တပ်ကြပ်ရဲဘော် (၁၅) ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းတို့အထဲမှ စစ်ကောင်စီတပ်သား (၃) ဦးမှာ ဒဏ်ရာများပြင်းထန်ပြီး တပ်သား (၂) ဦးမှာ သာမန်ဒဏ်ရာများ ရရှိထားသောကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း၊ ယင်းတို့ကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ ဂျီနီဗာကွန်ဗန်ရှင်နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း CDF- Daai မှ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသူများမှာ တပ်မ – ၁၁ လက်အောက်ခံ ခမရ – ၂၁၇၊ ခမရ – ၃၇၆၊ ခမရ – ၅၃၈၊ ခမရ – ၂၂၀၊ ခမရ – ၂၁၉၊ ခမရ – ၃၈၊ ခမရ – ၅၈၇ နှင့် ခမရ – ၉၁၈ တို့မှဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်အထိ ဒိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ရေးကြောင်း သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ပြည်သူများအနေဖြင့် လုံးဝ မပြုလုပ်ကြရန် CDF -Daai မှ တာဝန်ရှိသူက ပြောသည်။

“နယ်မြေရှင်းလင်း ရေး လုပ်တာလည်း ပါတယ်၊ အခုလိုမျိုး စစ်ပြေးတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်သားတွေ ဒီမှာ အများ ကြီးရှိတယ်လို့ ကျနော်တို့ ယူဆတယ်။ မြစ်ကြောင်းတစ်လျှောက်မှာ မနေ့ကရော ဒီနေ့ရော ဗုံးကြဲနေတယ်လို့ သိရတယ်။ ဒီလို ခဏခဏ မြစ်ကြောင်းကို ဦးတည်ပြီးတော့ ဗုံးကြဲတာတွေ လုပ်လို့ ပြည်သူတွေကို ခရီးသွားလာခွင့်ပိတ်ထားတာပါ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းကလည်း ဒိုင်ရ်ဒေသက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၇ ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်မှ တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားများသည် CDF – Daai ထိန်းချုပ်နယ်မြေထဲ အများအပြား ထွက်ပြေးလာသည်ဟု သိရသည်။

ပြည်သူလူထုနှင့် မပူးပေါင်းရဲသေးသော စစ်ကောင်စီတပ်သားများအနေဖြင့် CDF – Daai တွင် အလင်းဝင်ရောက်နိုင်ရန် အမြဲတံခါးဖွင့်ထားကြောင်း၊ ပြည်သူများအနေဖြင့်လည်း CDF – Daai ၏ ထုတ်ပြန်အသိပေးချက်များကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.