(006SV)
အိန္ဒိယ- မြန်မာနယ်စပ်၊ ချင်းပြည်မြောက်ပိုင်းက ရိခေါဒါရ်မြို့နှင့် ကျေးရွာပေါင်း ၃၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ချင်းပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။
“ရိခေါဒါရ်မြို့ပေါ်မှာက စည်းကမ်းထိန်းသိမ်းရေးတွေ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခိုးဆိုးလုနှိုင်တွေ မရှိရလေအောင် အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူနေတာဖြစ်ပါတယ်။ စည်ပင်သာယာရေးကိုလည်း စည်ပင်ဌာနနဲ့ ပေါင်းပြီးမှ လုပ်နေတာရှိတယ်။ မြို့မှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရေးကို လည်ပတ်နိုင်တယ်” ဟု CDF- ဟွာငိုရမ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။
အမှတ် – ၂ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်းရေးတို့ကို ရှေ့ရှု့ပြီး ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို CNF/CN A နှင့် CDF – Hualngoram က ပူးတွဲ၍ အကောင်အထည်ဖော်ဆောင်နေကြောင်း သိရသည်။
ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးတွင် အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ တရားစီရင်ရေး၊ ရဲဌာန၊ အခွန်ဌာနတို့ကို ဖွဲ့စည်းထားပြီး အခွန်ဌာနက ဈေးခွန်၊ သားသတ်ခွန်၊ ယစ်မူခွန် စသဖြင့် အခွန်ကောက်ခံမူများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟွာငိုရမ်းဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျေးရွာပေါင်း ၅၆ ရွာကို လွှမ်းခြုံအောင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းလျက်ရှိတွင် လက်ရှိတွင် ကျေးရွာပေါင်း ၃၀ ကျော်တွင် ဖွဲ့စည်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ဟွာငိုရမ်းတရားစီရင်ရေးဘုတ်အဖွဲ့သည် ရဲဌာနက အမှုဖွင့်ထားသော မူယစ်ဆေးဝါးမူ ၆ မူ၊ မုဒိန်းမူ ၂ မူ၊ လူသတ်မူ ၂ မူနှင့် ခိုးဆိုးလုယက်မှု အများအပြားကို စီရင်ချက်ချထားပြီး ပြစ်မူကျူးလွန်သူများကို ထောင်တွင်း အကျဉ်းချထားသည်ဟု သိရသည်။
ရိခေါဒါရ်မြို့က အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးများကို ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတစ်ဆင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရိခေါဒါရ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို CNF/CN A၊ CDF – Zanniatram ၊ PDF – Tedim၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့အချိန်ထိ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားသည်။