Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ နေအိမ်ကို CDF-Hakha က ပြည်သူပိုင်အဖြစ်သိမ်းဆည်း

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ နေအိမ်ကို CDF-Hakha က ပြည်သူပိုင်အဖြစ်သိမ်းဆည်း

0
By Editor on February 26, 2024 Headline

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့က နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha က ဖေဖော်၀ါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းသည်သာမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဟားခါးမြို့ရှိ မြို့တော်ခန်းမမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ စည်းရုံးခဲ့သောကြောင့် ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။

ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန်ရေးကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဟုလည်း CDF-Hakha က ဆိုသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် ဒေါက်တာမှုထန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၁၇ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။

သူ၏ဇာတိမြို့ ထန်တလန်ကို စစ်ကောင်စီက ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲသည့်အပေါ် ချင်းပြည်သူများ၏ အပြင်းအထန်‌ေ၀ဖန်မှုခံနေရသူလည်းဖြစ်သည်။

ထို့အပြင် ဒေါက်တာမှုထန်နှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးအပါအ၀င် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိတ်ဆို့အရေးယူခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.