Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာဒေသက ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားတိုက်ပွဲတွင် ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း AA ပြော

မရာဒေသက ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားတိုက်ပွဲတွင် ပါ၀င်ပတ်သက်ခြင်းမရှိကြောင်း AA ပြော

0
By Editor on March 4, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာဒေသက ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲများတွင် ပါဝင် ကူညီခြင်းနှင့် ဝင်ရောက်တိုက်ခိုက်ပေးခြင်းများ လုံးဝ မရှိကြောင်း ရက္ခိုင်တပ်တော် AA က ပြောသည်။

ရက္ခိုင်တပ်တော် (AA) က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီတိုက်ပွဲတွေထဲမှာ ကျနော်တို့ ပံ့ပိုးပါဝင်နေတာလည်း လုံးဝ (လုံးဝ) မရှိဘူးဆိုတာကို အခိုင်အမာ ပြေလိုပါတယ်။ ဒီလိုကိစ္စမှာ သူတို့ မရာအချင်းချင်းဖြစ်တဲ့ ကိစ္စဆိုတော့ သူတို့အထဲကနေ သူတို့ အချင်းချင်းကြားက ပြသနာဖြစ်တယ်။ ကျနော်တို့ လုံးဝ ပါဝင်ကူညီတာမျိုး၊ ဝင်ရောက်တိုက်ခိုက်တာမျိုး လုံးဝ မရှိပါဘူးလို့ အခိုင်အမာ ပြောလိုပါတယ်” ဟု ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

မရာဒေသက တိုက်ပွဲများတွင် ရက္ခိုင်တပ်တော် AA က ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ ကောလဟာလသာဖြစ်ပြီး နိုင်ငံရေးအရ အပုတ်ချတိုက်ခိုက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေရသော လက်ရှိအခြေအနေတွင် တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်းကြား၊ အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုများကြားထဲတွင် အချင်းချင်းပဋိပက္ခတိုက်ပွဲများကို ရက္ခိုင့် တပ်တော် AA အနေဖြင့် လုံးဝ အားမပေးကြောင်း ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် AA ၏ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတွင် မရာလဲန်းကာ ကွယ်ရေး တပ်ဖွဲ့ (MDF) တပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး AA နှင့် MDF တို့ကြား မဟာမိတ်အဖွဲ့အဖြစ် သဘောတူညီမှုများ ရှိထားသည်။

မရာဒေသတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ CNA ၊ CDF- Mara ဦးဆောင်သော ချင်းကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)တို့ ဇန်နဝါရီလ ၂၄ ရက်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲ တစ်လတာ ဖြစ်ပွားရာတွင် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့များ အကြာ ကျဆုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားနေသည်။

မရာဒေသ၏ ကျေးရွာ ၈ ရွာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တချို့ ကျေးရွာများတွင် အရပ်သား နေအိမ်များ ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UNHCR ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းခြင်းကြောင့် မလေးရောက်ချင်းလူမျိုးများ လုံခြုံရေး သတိပြုနေထိုင်ရန် ACR နှင့် CRC ထုတ်ပြန်

စစ်တပ်၏ ရိုဟင်ဂျာများအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ICJ စီရင်ချက်ကို ချင်းအပါအဝင် မြန်မာအရပ်ဖက်အဖွဲ့ ၂၀၀ ကျော် ကြိုဆို

ကလေးမြို့ပေါ်တွင် လူသုံးများသော မီးသွေး တစ်အိတ်လျှင် ငါးသောင်းနီးပါးအထိမြင့်တက်လာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 24, 2026

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

November 23, 2026

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

November 23, 2026

UNHCR ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းခြင်းကြောင့် မလေးရောက်ချင်းလူမျိုးများ လုံခြုံရေး သတိပြုနေထိုင်ရန် ACR နှင့် CRC ထုတ်ပြန်

November 23, 2026

ကျွန်ုပ်တို့၏ ရင်သွေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားရာ တစ်ချို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးများကို အမြဲတမ်း သတိပေးလမ်းညွှန်နေရန် လိုအပ်ပါသည်။

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.