Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကလေးမြို့နယ်က အရပ်သားပြည်သူ ၃ ဦး ထပ်မံသေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကလေးမြို့နယ်က အရပ်သားပြည်သူ ၃ ဦး ထပ်မံသေဆုံး

0
By Editor on March 20, 2024 Khonumthung

(002MG)

ချင်းတောင်ခြေ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးကျေးရွာထဲ ယနေ့မနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်မူကြောင့် အမျိုးသား (၃) ဦးပွဲချင်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီပေးသူတဦးက“ဆုံးသွားတာက အမျိုးသားတွေကြီးပဲ (၃) ယောက်ရှိတယ်၊ ဒဏ်ရာ ရတဲ့သူ တွေလည်းရှိတယ် ဒီမနက် သူတို့ကို အဆင်ပြေတဲ့နေရာမှာ ကုသမူခံယူနေကြတယ်၊ ပေါင်ကျိုး တာ (၁) ယောက်၊ ခြေကျိုးတာ (၂) ယောက်၊ကျန်တဲ့သူတွေက တအားတော့မစိုးရိမ်ရဘူး” ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကြီးကြောင့်သေဆုံးသူများမှာ အသက်(၅၇)နှစ်အရွယ် Pu Thian Neih Thang၊ အသက် (၅၇)နှစ် အရွယ် Pu Kawl Tin Kham နှင့် အသက် (၃၃) နှစ်အရွယ် Pu Za San Hmung တို့ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင် များလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသည်။

ထို့အပြင် ပျဉ်းခုံကြီးကျေးရွာထဲက နွား (၄)ကောင်လည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့ တာဟန်းရပ်ကွက်မှ လက်ပံချောင်းကျေးရွာသို့သွားသော ကားလမ်းမပေါ်တွင် တည်ရှိသည့် ရွာဖြစ်ပြီး ချင်းလူမျိုးများနေထိုင်ကြသည့်ရွာဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများကို နေ့တိုင်းပစ်ခတ်နေပြီး မတ်လ ၁၄ ရက်က လက်ပံချောင်း ကျေးရွာသား ၂ ဦး၊ မတ်လ ၁၆ ရက်နေ့တွင် ပျဉ်းခုံလေးကျေးရွာသား ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာကိုလည်း မတ်လ ၁၉ ရက်ညနေပိုင်း ၃ နာရီခန့်က စတင်မီးရှို့ခဲ့ပြီး တညလုံးမီးလောင်ကာ ယနေ့မနက်ပိုင်းအထိ မီးလောင်းကျွမ်းနေဆဲဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲရှိနေသေးသည့်အတွက် မည်သူမျှရွာထဲမ၀◌င်ရဲကြဘဲ မီးလောင်ကျွမ်းမှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.