Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မှာ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက် ဝန်ထမ်း (၅) ဦးကို PDF Zoland ဖမ်းဆီး

တီးတိန်မှာ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက် ဝန်ထမ်း (၅) ဦးကို PDF Zoland ဖမ်းဆီး

0
By Editor on March 25, 2024 Headline

(002MG) (006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်က ဝန်ထမ်း (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း PDF Zoland၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

ချင်းပြည်နယ် တီးတိန်းမြို့ပေါ်က စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများမှာ ပါဝင်လုပ်ကိုင်ပေးနေသူများကို ယနေ့ မတ်လ ၂၅ ရက် မိုးမလင်းမှီတွင် ၎င်းတို့၏ နေအိမ်များထဲ ဝင်ရောက်၍ တပြိုက်နက် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း PDF Zoland ၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

“မိုးမလင်းခင်မှာ သူတို့ အိမ်တွေထဲ ဝင်ပြီးတော့မှ ဖမ်းဆီးလိုက်တာပါ။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့လူတွေ၊ သတင်းအချက်အလက်ပေးတဲ့လူတွေဟာ ကျနော်တို့ ရန်သူတွေပါပဲ။ အချိန်မှီသူတို့ အမြန်ဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းစေချင်ပါတယ်။ နောက်ဆိုရင် အဆင်မပြေတော့ဘူးလေနော်။ အစကတည်းက ကျနော်တို့ရဲ့ရန်သူဟာ စစ်ကောင်စီပဲဆိုတော့ ကျနော်တို့က တိုက်မှာပဲ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်စုစာရေး လျန်းလမ်ခိုင် (အသက် ၄၈)၊ မြို့နယ်အားကာမှူး ရှင်းခန့်ခွါလ် (အသက် ၄၈)၊ စည်ပင်ဌာနမှ လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ် (အသက် ၃၆)၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ ဒုကြီးကြပ် ၊ ခွါလ်လျန်းမုန် (အသက် ၅၅) နှင့် လဝကဌာနမှ အငယ်တန်းစာရေး နန်ဆွင်းဂင့် (အသက် ၅၇) တို့ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေနှင့် စစ်သားစုဆောင်းမှုများတွင် ပူးပေါင်လုပ်ဆောင်သူများကို အရေးယူ ဆောင်ရွက်မည်ဟု PDF Zoland က ထုတ်ပြန်ထားပြီး သတိပေးချက်များကို ဂရုမစိုက်ဘဲ စစ်ကောင်စီ အတွက် စစ်သားစုဆောင်းမှုတွင် ကူညီပေးသောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း PDF Zoland မှ သိရသည်။

“ဒါက ပထမ သတိပေးချက်အနေနဲ့ လုပ်တာလို့ ထင်တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဘယ်လိုမျိုးစီစဉ်ထား လဲဆိုတာ မသိရသေးဘူး။ စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်တဲ့ဟာမှာ သူတို့ ဖမ်းထားတဲ့ လူတွေက ခေါင်းကြီးပိုင်းတွေ မဟုတ်ဘူး။ သူတို့က အထက်က ပေးတဲ့ အမိန့်ကို လုပ်ရတဲ့ လူတွေ ဖြစ်တယ်။ အမိန့်ပေးတဲ့ တရားခံကို လုပ်ရင်တော့ သူက အုပ်ချုပ်ရေးမှူးတို့၊ တီးတိန်ခရိုင်ရဲမှူးတို့ပေါ့နော်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများကို အရေးယူမှုများ ချက်ချင်း လုပ်ဆောင်၍ မရသေး၍ မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ကို လတ်တလောမှာ မပြောနိုင်သေးကြောင်း PDF Zoland ၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

PDF Zoland အနေဖြင့် သည်းခံ နားလည်ပေးမှုမှာ အကန့်အသတ်ဖြင့် တည်ရှိပြီး စစ်ကောင်စီကို တစ်ထောင့်တစ်နေ ရာက ပူးပေါင်းပံ့ပိုးသူများကို ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သတိပေးသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ကလည်း ချင်းပြည်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မှာ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.