Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မှာ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက် ဝန်ထမ်း (၅) ဦးကို PDF Zoland ဖမ်းဆီး

တီးတိန်မှာ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက် ဝန်ထမ်း (၅) ဦးကို PDF Zoland ဖမ်းဆီး

0
By Editor on March 25, 2024 Headline

(002MG) (006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်က ဝန်ထမ်း (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း PDF Zoland၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

ချင်းပြည်နယ် တီးတိန်းမြို့ပေါ်က စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုများမှာ ပါဝင်လုပ်ကိုင်ပေးနေသူများကို ယနေ့ မတ်လ ၂၅ ရက် မိုးမလင်းမှီတွင် ၎င်းတို့၏ နေအိမ်များထဲ ဝင်ရောက်၍ တပြိုက်နက် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း PDF Zoland ၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

“မိုးမလင်းခင်မှာ သူတို့ အိမ်တွေထဲ ဝင်ပြီးတော့မှ ဖမ်းဆီးလိုက်တာပါ။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့လူတွေ၊ သတင်းအချက်အလက်ပေးတဲ့လူတွေဟာ ကျနော်တို့ ရန်သူတွေပါပဲ။ အချိန်မှီသူတို့ အမြန်ဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းစေချင်ပါတယ်။ နောက်ဆိုရင် အဆင်မပြေတော့ဘူးလေနော်။ အစကတည်းက ကျနော်တို့ရဲ့ရန်သူဟာ စစ်ကောင်စီပဲဆိုတော့ ကျနော်တို့က တိုက်မှာပဲ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်စုစာရေး လျန်းလမ်ခိုင် (အသက် ၄၈)၊ မြို့နယ်အားကာမှူး ရှင်းခန့်ခွါလ် (အသက် ၄၈)၊ စည်ပင်ဌာနမှ လက်ထောက်အင်ဂျင်နီယာ ကပ်ဆွင်းခွါလ် (အသက် ၃၆)၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ ဒုကြီးကြပ် ၊ ခွါလ်လျန်းမုန် (အသက် ၅၅) နှင့် လဝကဌာနမှ အငယ်တန်းစာရေး နန်ဆွင်းဂင့် (အသက် ၅၇) တို့ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေနှင့် စစ်သားစုဆောင်းမှုများတွင် ပူးပေါင်လုပ်ဆောင်သူများကို အရေးယူ ဆောင်ရွက်မည်ဟု PDF Zoland က ထုတ်ပြန်ထားပြီး သတိပေးချက်များကို ဂရုမစိုက်ဘဲ စစ်ကောင်စီ အတွက် စစ်သားစုဆောင်းမှုတွင် ကူညီပေးသောကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း PDF Zoland မှ သိရသည်။

“ဒါက ပထမ သတိပေးချက်အနေနဲ့ လုပ်တာလို့ ထင်တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဘယ်လိုမျိုးစီစဉ်ထား လဲဆိုတာ မသိရသေးဘူး။ စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်တဲ့ဟာမှာ သူတို့ ဖမ်းထားတဲ့ လူတွေက ခေါင်းကြီးပိုင်းတွေ မဟုတ်ဘူး။ သူတို့က အထက်က ပေးတဲ့ အမိန့်ကို လုပ်ရတဲ့ လူတွေ ဖြစ်တယ်။ အမိန့်ပေးတဲ့ တရားခံကို လုပ်ရင်တော့ သူက အုပ်ချုပ်ရေးမှူးတို့၊ တီးတိန်ခရိုင်ရဲမှူးတို့ပေါ့နော်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများကို အရေးယူမှုများ ချက်ချင်း လုပ်ဆောင်၍ မရသေး၍ မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ကို လတ်တလောမှာ မပြောနိုင်သေးကြောင်း PDF Zoland ၊ ကာကွယ်ရေး ပြန်ကြားရေးမှူးက ပြောသည်။

PDF Zoland အနေဖြင့် သည်းခံ နားလည်ပေးမှုမှာ အကန့်အသတ်ဖြင့် တည်ရှိပြီး စစ်ကောင်စီကို တစ်ထောင့်တစ်နေ ရာက ပူးပေါင်းပံ့ပိုးသူများကို ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သတိပေးသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ကလည်း ချင်းပြည်တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မှာ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.