Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ် ရဲတစ်ဦးကို CDF-Hakha ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ် ရဲတစ်ဦးကို CDF-Hakha ဖမ်းဆီး

0
By Editor on March 26, 2024 Khonumthung

ချင်းပြည်နယ်၊ ဟားခါးမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်ရဲတစ်ဦးအား CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၄ ရက်နေ့တွင်  CDF- Hakha ဖမ်းဆီးခဲ့သည့်ရဲမှာ နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦးဟု သိရပြီး ၎င်းအား စစ်ဆေးမေးမြန်းရာတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုအခြေအနေ၊ နေပုံထိုင်ပုံများ၊ လိုအပ်သည့် သတင်းအချက်အလက်များရရှိနိုင်ခဲ့ကြောင်း CDF- Hakha ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နှစ်ပွင့် ဗိုလ် ရဲကျော်လင်းဦး ဆိုသူမှာ စစ်ကောင်စီအာဏာသိမ်းခါစအချိန်တွင် ဆန္ဒထုတ်ဖော်ကြသူများအား ထောက်လှန်းကာ ဆန္ဒပြသူများအား မိုင်းဖြင့် ဖောက်ခွဲပစ်မည်ဟုဆိုကာ ပြည်သူများအား အမြဲချိန်းခြောက်ခဲ့သူဟု သိရသည်။

ယခုလအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ပြည်သူထံ အလင်းဝင်ရောက်လာကြသလို CDF-Hakh မှ ဖမ်းဆီးလျက်ရှိနေသည်။

 ပြည်သူများအပေါ် မတရားအာဏာသိမ်းစစ်ကောင်စီနှင့်အပေါင်းအပါများအား ဖမ်းဆီးခြင်းနှင့်ပါတ်သက်၍ “   ကျွန်တော်တို့ ရန်သူမှန်သမျှကိုတော့ လုပ်နိုင်သမျှလုပ်ဖို့ပါပဲ။ နောက်ပြီး ဟားခါးမြို့‌ေပါ်မှာဆို ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ရန်သူရှိတဲ့နေရာတွေကိုလဲ တခုပြီးတခု လုပ်သွားဖို့ရှိပါတယ်” ဟု CDF-Hakah မှ တာဝန်ရှိသူတစ်ဦးက ခိုနူမ်းစုန်ကို ပြောခဲ့ပြီး ဖြစ်သည်။

မတ်လ ၁၀ ရက်နေ့တွင်လည်း ပြည်နယ် နတလရုံးတွင် လုံခြုံရေးယူ‌ေနသော စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်အပါအဝင် ရဲ ၅ ဦးအား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။

အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် အဝတ်ဖြင့်  ဟားခါးမြို့ထဲ သွားလာနေသော စစ်ကောင်စီတပ်သား ၂ ဦးအား  ပစ်ခတ်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ CDF-Hakha က ဖမ်းဆီးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.