Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF – မင်းတပ်ထုတ်ပြန်

စစ်ရေးစီမံချက် အခိုင်အမာချပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဟု CDF – မင်းတပ်ထုတ်ပြန်

0
By Editor on April 2, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုနှစ် ၂၀၂၄ အတွင်း စစ်ရေးစီမံချက်များ အခိုင်အမာချမှတ်ပြီး စစ်ကောင်စီ ချေမှုန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကပြောဆိုသည်။

မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၁၀) ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း CDF မင်းတပ်က ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။

CDF – မင်းတပ် ထိန်းချုပ်နယ်မြေအတွင်း ပြည်သူလူထု စည်းလုံးညီညွတ်ရေး ပျက်ပြားစေရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး အရဖြစ်စေ၊ စည်းရုံးလှုံ့ဆော်မည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး CNC – မင်းတပ်ကို ပိုမိုကျစ်လစ်ခိုင်မာလာရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံ၏ ဆုံးဖြတ်ချက် (၁၀) ချက်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရင် CDF – မင်းတပ် တာဝန်ရှိသူများထံ ဆက်သွယ် သော်လည်း မရေသေးပေ။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် ချင်းပြည်သူ အားလုံး သဘောတူလက်ခံနိုင်မည့် ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ရေး ချင်းညီနောင်နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် အထွေထွေညီလာခံတွင် သဘာပတိ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်း ၆ ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများက ယနေ့အချိန်အထိ အင်အားတောင့်တင်း ခိုင်မာလာ စေရေးအတွက် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ပေးမှုအပေါ် များစွာ ကျေးဇူးတင်ရှိကြောင်း CDF -မင်းတပ်က ထုတ်ပြန်ထားသည်။

CDF – မင်းတပ်သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလ ၂၄ ရက်မှစတင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန် နေသည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.