Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပြည်သူ့ညီလာခံ အထမမြောက် မအောင်မြင်ဟု CRPH သတ်မှတ်၊ အခြားအင်အားစုများက အထမြောက် အောင်မြင်အောင်ကြောင်း တုံ့ပြန်

ပြည်သူ့ညီလာခံ အထမမြောက် မအောင်မြင်ဟု CRPH သတ်မှတ်၊ အခြားအင်အားစုများက အထမြောက် အောင်မြင်အောင်ကြောင်း တုံ့ပြန်

0
By Editor on April 11, 2024 Headline

(006SV)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် အထမမြောက်၊ မအောင်မြင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သဘောထားမှတ်ယူပြီး အခြားအင်အားစု (၄) စုအပါအဝင် ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီက အထမြောက်အောင်မြင်ကြောင်း ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်တွင် ဒုတိယအကြိမ်မြောက်၊ ပြည်သူ့ညီလာခံ ကျင်းပပြီးစီးခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် အထမမြောက်၊ အောင်မြင်မှု မရှိကြောင်း၊ ညီလာခံ၏ နောက်ဆုံးနေ့တွင် CRPH မတက် ရောက်ခဲ့ခြင်းသည် မြင်သာသော အချက်တစ်ချက်လည်း ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ် ကိုစည်သူမောင်က ပြောသည်။

“ကျနော်တို့ဟာ ပြည်သူတွေကို ရိုးရိုးသားသား ဝန်ခံဖို့လိုပါတယ်။ ဘာအချက်အလဲဆိုရင် ပြည်သူ့ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း မရှိဘူးဆိုတာကို ရိုးသားစွာ ဝန်ခံဖို့ လိုပါတယ်။ ဒါကို ကျင်းပရေးကော်မတီမှာ ပါဝင် ဆရာ/မတွေလည်း ငါးရက်တာအတွင်းမှာ သုံးသပ်တင်ပြချက်မှာ ပေါ်လွင်နေပါတယ်။ CRPH က ကျင်းပရေးကော်မတီကို အချက် ငါးချက်ပါတဲ့ စာတစ်စောင်လည်း ပေးပို့ခဲ့ပါတယ်” ဟု CRPH မှ ကိုစည်သူမောင်က ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဥ္စမရက် နောက်ဆုံးရက် တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CRPH တို့က တက်ရောက်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးနေ့ကို မတက်ရောက်နိုင်သည့်အကြောင်း NUG အစိုးရက ဧပြီလ ၉ ရက် မနက်ပိုင်းတွင် ပြည်သူ့ညီလာခံ ကျင်းပရေး ကော်မတီသို့ ပေးပို့ခဲ့ပြီး CRPH က ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်များထက် ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ်မှုအပါအဝင် အချက် ငါးချက်ဖြင့် ပေးပို့ခဲ့သည်။

သို့သော်လည်း ပြည်သူ့ညီလာခံ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများကတော့ ညီလာခံသည် အထမြောက် အောင်မြင် ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကြသည်။

“ကျင်းပရေးကော်မတီက ညီလာခံဖြစ်မြောက်ရေးကို တာဝန်ခံရတာဖြစ်ပါတယ်။ ညီလာခံဟာ ဖြစ်မြောက်တယ်လို့ ကျင်းပရေး ကော်မတီက တာဝန်ခံထားတာဖြစ်ပါတယ်။ ကျင်းပရေးကော်မတီဟာ အစုအဖွဲ့ ငါးစုကနေ စုဖွဲ့ထားတာ ဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို ဒီညီလာခံဖြစ်မြောက်ကြောင်း တာဝန်ခံဖို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်။ တပိုင်းကလည်း CRHP နဲ့ NUG က ပေးပို့ထားတဲ့ စာတွေနဲ့ ပတ်သက်လို့လည်း ဒီဟာပြီးရင် တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကြိုးစား သွားပါမယ်။ တွေ့ဆုံတဲ့အခါမှာ ညီလာခံဖြစ်မြောက်မှုကို အသိအမှတ်ပြုပေးဖို့ ကျင်းပရေးကော်မတီအနေနဲ့ အခြေပြုပြီးတော့ တိုက်တွန်းသွားပါမယ်” ဟု ပြည်သူ့ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ကိုနန္ဒစစ်အောင်က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစု ကိုယ်စားလှယ်များမှ ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောတောနီကတော့ လက်ရှိညီလာခံသည် အထမြောက်အောင်မြင်အောင် ပြောသည်။

ညီလာခံ မဖြစ်မြောက်ဟူ၍ သတ်မှတ်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ တစ်ဦး နှင့် တစ်ဦး အပြစ်မတင်နေသင့်ကြောင်း၊ လေးရက် ဆက်တိုက်မှာ အဖွဲ့အားလုံးဖြင့် ညီလာခံဖြစ်လာပြီး နောက်ဆုံးနေ့မှ မတက်ရောက်မှုများသည် မိမိကိုယ်ကို ပြန်လည်သုံးသပ် စဉ်းစားသင့်ကြောင်း၊ လက်ရှိအတိုင်း ရှေ့ဆက်ဆွေးနွေးလုပ်ဆောင်သွားလျှင် အောင်မြင်မည်ဟူ၍ ယုံကြည်ကြောင်း ဗဒိုစောတောနီက ပြောသည်။

ညီလာခံတွင် ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ကိစ္စနှင့် မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ကိစ္စတို့ကို ညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကြား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှင့်အညီ လိုက်နာအကောင်အထည်ဖော်ရန် အဆိုပြုချက်နှင့် အကြံပြုချက် (၂၁) ချက်ကိုလည်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ညီလာခံများကို ၆ လလျှင် တစ်ကြိမ် ပုံမှန်ကျင်းပသွားရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

ညီလာခံကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ (၁၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.