Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေသန္တာရအစိုးရများနှင့် အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ချင်းပြည်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း၍ ဆွေးနွေးနေ

ဒေသန္တာရအစိုးရများနှင့် အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ချင်းပြည်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း၍ ဆွေးနွေးနေ

0
By Editor on April 23, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရကြား အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်နိင်ရန် ချင်းပြည်အစိုးရအဖွဲ့က ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ ထန်တလန်မြို့နယ်က Zophei ဒေသ၊ Lautu ဒေသ၊ မတူပီမြို့နယ်က Zotung ဒေသနှင့် ဟားခါး မြို့နယ်က Senthang ဒေသတို့၏ ဒေသကောင်စီ ဦးဆောင်အဖွဲ့များ၊ ပြည်သူများနှင့် ဝန်ကြီးချုပ်ဦးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်သည်။

ချင်းပြည်အတွင်းက ဒေသအုပ်ချုပ်ရေးလည်ပတ်မှုနှင့် အစိုးရယန္တရား လည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးလုပ်ငန်းများ ချိတ်ဆောင်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဖက်ဒရယ်စနစ်အဖြစ် ဒေသအသီးသီးက ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိရသည်။

ချင်းပြည်အစိုးရသည် ပြည်သူနှင့်အတူ ရပ်တည်၍ ချင်းပြည်နှင့် ပြည်သူများ၏အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ချင်းပြည် ဝန်ကြီးချုပ်က ဦးပါထန်းက ပြောသည်။

ဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့ (၄) ခုနှင့် တွေ့ဆုံမှုများကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူသားစာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.