Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေသန္တာရအစိုးရများနှင့် အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ချင်းပြည်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း၍ ဆွေးနွေးနေ

ဒေသန္တာရအစိုးရများနှင့် အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ချင်းပြည်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်း၍ ဆွေးနွေးနေ

0
By Editor on April 23, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရကြား အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်နိင်ရန် ချင်းပြည်အစိုးရအဖွဲ့က ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ ထန်တလန်မြို့နယ်က Zophei ဒေသ၊ Lautu ဒေသ၊ မတူပီမြို့နယ်က Zotung ဒေသနှင့် ဟားခါး မြို့နယ်က Senthang ဒေသတို့၏ ဒေသကောင်စီ ဦးဆောင်အဖွဲ့များ၊ ပြည်သူများနှင့် ဝန်ကြီးချုပ်ဦးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်သည်။

ချင်းပြည်အတွင်းက ဒေသအုပ်ချုပ်ရေးလည်ပတ်မှုနှင့် အစိုးရယန္တရား လည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးလုပ်ငန်းများ ချိတ်ဆောင်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဖက်ဒရယ်စနစ်အဖြစ် ဒေသအသီးသီးက ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိရသည်။

ချင်းပြည်အစိုးရသည် ပြည်သူနှင့်အတူ ရပ်တည်၍ ချင်းပြည်နှင့် ပြည်သူများ၏အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ချင်းပြည် ဝန်ကြီးချုပ်က ဦးပါထန်းက ပြောသည်။

ဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့ (၄) ခုနှင့် တွေ့ဆုံမှုများကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူသားစာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.