Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မင်းတပ် ၃ နှစ်တာတော်လှန်ရေးတွင် မင်းတပ်မြို့နယ် ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထား၊ တော်လှန်ရေးရဲဘော် ၆၀ ကျော်ကျဆုံး

CDF – မင်းတပ် ၃ နှစ်တာတော်လှန်ရေးတွင် မင်းတပ်မြို့နယ် ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထား၊ တော်လှန်ရေးရဲဘော် ၆၀ ကျော်ကျဆုံး

0
By Editor on April 24, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်၊ CDF – မင်းတပ်၏ တော်လှန်ရေး ၃ နှစ်တာကာလတွင် မင်းတပ်မြို့နယ်၏ ၈၀ ရာခိုင် နှုန်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး တပ်မဟာမှူး ဆလိုင်းထန်းတိတ်မာန်အပါအဝင် ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ရကာ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

တော်လှန်ရေး ၃ နှစ်တာကာလအတွင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၂၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီလည်း သေဆုံးခဲ့ကြောင်း CDF – မင်းတပ်၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှူး ဇလပ်သွေးက ပြောသည်။

“မင်းတပ်မြို့နယ်အတွင်း ပြည်သူများနဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ကျနော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ ချေမှုန်းနေသည့်နည်းတူ အာဏာရှင်စနစ်ကို တော်လှန်နေသည့် မည်သည့်အဖွဲ့နဲ့မဆို လက်တွဲဆောငရွက်လျက်ရှိပြီး ချင်းတော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရေး အားကောင်းလာစေရန် တိုက်ပွဲအရှိန်အဟုန် မြှင့်တင်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု ကိုဇလပ်သွေးက ပြောသည်။

မင်းတပ်မြို့နယ်တွင် တော်လှန်ရေးနှင့်ပတ်သက်သည်ဟူ၍ စွပ်စွဲမှုဖြင့် ပြည်သူ တစ်ရာကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်၏ ယနေ့ ၃ နှစ်ပြည့်အခမ်းအနားတွင် ပြောသည်။

၃ နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကလေးငယ် အပါအဝင် ပြည်သူ ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၄ လုံး နှင့် နေအိမ်ပေါင်း ၈၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ လက်နက် ကြီးကြောင့် ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းများအပါအဝင် နေအိမ်အဆောက်အဦး ၂၀၀ ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။

CDF – မင်းတပ်သည် ၃ နှစ်တာအတွင်း မကွီအိမ်နူးမြို့ကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ မကွေးတိုင်းက ရေလည်စခန်း၊ ဆည်ပေါ်စခန်းနှင့် မတူပီမြို့နယ်က ထယ်ဘွေးစခန်းများကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

CDF – မင်းတပ်၏ စစ်ဦးစီးချုပ်က ကိုယ့်လူမျိုးနှင့် ကိုယ့်ပြည်သူကို အကာအကွယ်ပေးနိုင်သည့် တပ်တစ်ခုဖြစ်လာရန် ဆက်ကြိုး စားတည်ဆောက်ရမှာဖြစ်ပြီး မဟာမိတ်ကဏ္ဍကလည်း လွန်စွာအရေးကြီးကြောင်း၊ လက်ရှိ မဟာမိတ်များနှင့်လည်း ယုံကြည်မှုခိုင်မာအောင် တည်ဆောင်ရမည်ဖြစ်သကဲ့သို့ နောက်ထပ်မဟာမိတ်အသစ်များကိုလည်း တိုးချဲ့ တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောသည်။

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကိစ္စတွင် တန်းတူညီမျှမှုကို အလေးထားအခြေခံပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း တော်လှန်ရေး ၃ နှစ်ပြည့်တွင် CDF – မင်းတပ်၏ စစ်ဦးစီးချုပ်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.