Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ညှိနှိုင်းခြင်းမရှိဘဲ ဖလမ်းမြို့တွင် မည်သည့်စစ်ရေးလှုပ်ရှားမှုများမလုပ်ရန် CNA ကို CNDF စာပို့

ညှိနှိုင်းခြင်းမရှိဘဲ ဖလမ်းမြို့တွင် မည်သည့်စစ်ရေးလှုပ်ရှားမှုများမလုပ်ရန် CNA ကို CNDF စာပို့

0
By Editor on April 30, 2024 Headline

(006SV)

ချင်းအမျိုးသားတပ်မတော် CNA အနေဖြင့် CNO/ CNDF နှင့် ချင်းညီနောင်တို့ကို ညှိနှိုင်းခြင်း၊ သဘောတူညီမှုမရှိဘဲ ဖလမ်းမြို့တွင်း မည်သည့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ဧပြီလ ၂၄ ရက်က CNDF စစ်ဦးစီးချုပ်က CNA စစ်ဦးစီးချုပ်ထံ စာပေးပို့ခဲ့ကြောင်း သိရသည်။

CNA စစ်ဦးစီးချုပ်ထံသို့ စာပေးပို့ခဲ့ခြင်းမှာ မှန်ကန်ပြီး မည်သို့ပေါက်ကြားလာသည်ကို မသိကြောင်း၊ စာပေးပို့ရသည့် အကြောင်း ရင်းနှင့်ပတ်သက်၍ CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ယခုကဲ့သို့ပြောဆိုသည်။

“အဓိကက ကိုယ့်နယ်မြေ ကိုယ့်ဒေသအလိုက်ကို စစ်ရေးအရရော၊ နိုင်ငံရေးအရရော လုပ်ထားတဲ့ ဟာတွေ ပြင်ဆင်မှုတွေ ရှိထား ချိန်မှာ တဖက်နဲ့ တစ်ဖက် ညှိနှိုင်းဆောင်ရွက်မှု၊ အသိပေးမှု မရှိဘဲနဲ့ လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။ အချင်းချင်း အပြန်အလည်း လေးစားမှု ရှိသင့်တယ်။ ဒေသခံတွေရဲ့ သဘောထားကိုလည်း ကြည့်သင်တယ်၊ CNF/ CNA အနေနဲ့ သိမ်း စရာတွေအဖြစ် ဟားခါးနဲ့ ထန်တလန်တွေလည်း ရှိပါတယ်။ တိုင်ပင်ခေါ်ပြီးမှ အားလုံး ဝိုင်းဝန်ပြီး ချင်းပြည်တစ်ခုလုံးကို သိမ်းနိုင်တဲ့ အနေအထားအထိ ပူး ပေါင်းဆောင်ရွက်ဖို့ လိုတဲ့အတွက် အကောင်းဆုံး ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို သွားမှာပါ။ လုံးဝမရရင်တော့ ကျနော်တို့ဘက် မှာ ပြင်ဆင်ထားတဲ့ဟာတွေတော့ ရှိတယ်။ အဲဒီဟာတွေ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းပါတယ်။ အဆင်ပြေနိုင်တဲ့ လမ်းကြောင်း တော့ ရွေးချယ်သွားမှာပါ” ဟု CNO/ CNDF အတွင်းရေးမှူးက ပြောသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသော ဖလမ်းမြို့ကို ပြန်လည်ရယူနိုင်ရန်အတွက် CNO/CNDF မှ နှစ်ဝက်နီးပါးပြင်ဆင်မှုများပြုလုပ် လာခဲ့ပြီး ဖလမ်းမြို့သိမ်းစီမံချက် အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရေးမျှော်မှန်းလျက် ချင်းအမျိုးသားတပ်မတော်အနေဖြင့် ညှိနှိုင်းခြင်း၊ သဘောတူညီမှုမရှိဘဲ မိမိတို့ဘာသာ ဖလမ်းမြို့တွင် မည်သည့်စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန် CNA စစ်ဦးစီးချုပ်ထံ CNO/CNDF က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် အချင်းချင်းလည်း လက်ရှိကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန် စီစဉ်နေကြပြီး တွေ့ဆုံမည်ရက်ကိုလည်း သတ်မှတ်၍ ချိန်းထားပြီးဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် အခြေပြုလှုပ်ရှားနေသော PDF-Zoland ကလည်း ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖော် ဆောင်ခြင်းမပြုရန် ချင်းအမျိုးသားတပ်မတော် CNA စစ်ဦးစီးချုပ်ထံ ယခုလ ၁၇ ရက်နေ့က စာရေးသားပေးပို့ခဲ့ကြောင်းသိရသည်။

ဒေသခံပြည်သူများ၏ သဘောထားနှင့် ဆန့်ကျင်၍ လုပ်ဆောင်ပါက တော်လှန်ရေးမူလ ရည်မှန်းချက်မှ သွေဖယ်၍ လူမျိုးရေး ပြသနာပေါက်ဖွားရန် မီးမွေးထားခြင်းဖြစ်ကြောင်း ၎င်းတို့အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်မှု ၉၀ ရာခိုင်နှုန်း လုပ်ထားပြီးဖြစ်ကြောင်း ZFU/ PDF Zoland က ဆိုသည်။

CNO/CNDF နှင့် PDF-Zoland တို့သည် ချင်းလဲန်းကောင်စီတွင်ပါဝင်ခြင်းမရှိဘဲ ချင်းညီနောင်အဖွဲ့ဝင်ဒေသအခြေပြု ချင်းတော် လှန်ရေးလက်နက်ကိုင်များဖြစ်ကြသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ယနေ့ ဧပြီလ ၂၉ ရက်မှာ ထုတ်လွှင့်သော Chinland Information Center နှင့် အင်တာဗျူးတွင် ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုကဲ့သို့ပြောဆိုသည်။

“အဲဒီလိုမျိုး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ လုပ်တဲ့နေရာမှာ ကျနော်တို့မှာ ဝမ်းနည်းစရာ ကောင်းတာက တချို့ CDF တွေ၊ ဒေသအခြေခံ Local Defense Force တွေက ကိုယ့်နယ်မြေမှာ အဲဒီလို မလုပ်ဖို့ဆိုပြီးတော့ စာနဲ့သော်လည်းကောင်း၊ နှုတ်နဲ့သော် လည်းကောင်း ကျနော်တို့ တွေ့ခဲ့တာ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်စရာ ရှိတာကတော့ ကျနော်တို့က ဆက်ပြီးတော့ လုပ်သွား မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရေးဆိုတာ စောင့်နေလို့ မရသလို သူတို့ကို အချိန်ပေးလို့ လည်း မရဘူး။ လုပ်စရာ ရှိတာတော့ အတတ်နိုင်ဆုံး ဆက်လုပ်သွားဖို့ပဲ ရှိပါတယ်”ဟု ဆလိုင်း ထက်နီက ပြောသည်။

ချင်းလဲန်းကောင်စီသည် ချင်းညီနောင်အဖွဲ့နှင့် စေ့စပ်ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့ ကမ်းလှမ်းထားပြီး တရားဝင်စာပို့ထားကြောင်း၊ ချင်းညီနောင်၏ အုပ်ချုပ်ရေးနယ်မြေထဲ CNF/ CNA က အခွန်ကောက်ခြင်း၊ တပ်နေရာ ချထားခြင်းများ ရုပ်သိမ်းပါက ပြန်လည် ဆွေးနွေးမည်ဟူ၍ ချင်းညီနောင်က အကြောင်းပြန်ထားသည့် အခြေအနေတွင် ရှိကြောင်း၊ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.