Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့ပေါ်တွင် တိုက်ပွဲမဖော်ဆောင်ရန် ဘာသာရေးဆရာနှင့် မြို့မိ/မြို့ဖများက ထုတ်ပြန်

တွန်းဇံမြို့ပေါ်တွင် တိုက်ပွဲမဖော်ဆောင်ရန် ဘာသာရေးဆရာနှင့် မြို့မိ/မြို့ဖများက ထုတ်ပြန်

0
By Editor on May 7, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန် တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။

ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဟန့်တား နှောင့်နှေးစေလိုသော သဘောထား လုံးဝမရှိဘဲ လူသားစာနာမှု ရှု့ထောင့် တစ်ခုတည်းမှ ရှုမြင်လျက် တင်ပြရခြင်းဖြစ်ကြောင်း တွန်းဇံမြို့၊ ဘာသာရေးဆရာနှင့် မြို့မိမြို့ဖများက ထုတ်ပြန်သည်။

“အဲထုတ်ပြန်ချက်က မှန်ပါတယ်။ ဒီက ဘာသာရေးပိုင်းဆရာတွေနဲ့ ရပ်မိရပ်ဖတွေက ထုတ်ပြန်ထားတာပါ။ အဓိကက ဒီမှာက မြို့ထဲမှာ စစ်မဖြစ်ဖို့၊ တိုက်ပွဲမဖော်ဖို့ ထုတ်တာပါ။ မြို့ထဲမှာ တိုက်ပွဲဖြစ်ရင် အိမ်တွေ၊ ဘာတွေ လောင်တာတို့ပေါ့နော်။ သူတို့ အစည်းအဝေး လုပ်ပြီးမှ အဲလိုထုတ်လိုက်တာထင်တယ်” ဟု တွန်းဇံမြို့ပေါ်က မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ မြောက်ပိုင်း အစွန်ဆုံးရှိ တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက် ကျရောက်မည်ကို အထူးစိုးရိမ်မကင်းဖြစ်နေရသည်ဟု တွန်းဇံမြို့၊ ဘာသာရေးဆရာနဲ့ မြို့မိ/မြို့ဖများက မေလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသော လက်နက်စွဲကိုင် တိုက်ခိုက်မှုမှန်သမျှကို အများပြည်သူ မှီတင်နေထိုင်ရာ မြို့ရွာများအတွင်း ဖော်ဆောင်ခြင်းမပြုလုပ်ဘဲ ရှောင်ရှာပေးနိုင်ပါရန် အထူးလိုလားကြောင်း ပြည်သူများ၏ ဆန္ဒအမှန်ကို တင်ပြအပ်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တွန်းဇံမြို့ကဒေသခံတို့သည် “စားဝတ်နေရေး” တွင် “နေရေး” ကိုသာ အရေးထားဆောင်ရွက်နေသူများဖြစ်ပြီး ရှိသမျှချွေးနှဲစာဖြင့် နေအိမ်များ ဆောက်လုပ်ကာ ထမင်းရည်သောက်၍ ကျေနပ်နေသူများဖြစ်ကြောင်း၊ တန်ဖိုးအထားဆုံး နေအိမ်တစ်လုံး ပျက်စီးသွားပါက အရာအားလုံး ပျက်စီးခြင်းနှင့် အတူတူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် တွန်းဇံမြို့ပေါ် ရဲစခန်းအနီးဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံများသည် မြို့ပေါ်တိုက်ပွဲများ ဖြစ်လာတော့မည့် သတင်းများကြောင့် တခြားနီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်သွားပြီးဖြစ်ကြောင်း၊ ခန့်မှန်းခြေ အိမ်ခြေ ၁၅ အိမ်ခန့် ရှောင်သွားကြကြောင်း တွန်းဇံမြို့ခံများက ပြောသည်။

“တိုက်ပွဲဖြစ်တော့မယ် နီးတဲ့ရွာတွေကို ပြောင်းရွှေ့ဖို့ပြောတာနဲ့ တခြားနေရာကို ခဏရှောင်ကြတယ်လို့ ကြားတယ်” ဟု တွန်းဇံမြို့ခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပြောသည်။

တွန်းဇံမြို့ပေါ်တွင် ဇိုမီးတော်လှန်ရေးတပ် (ZRA- EC) တပ်ဖွဲ့ဝင်တချို့ကိုလည်း မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် CDF – တွန်းဇံကလည်း အနောက်ဘက်တောင်ကြော စစ်ဆင်ရေးသည် အများပြည်သူ၏ အသက်အိုးအိမ်များကို ဖျက်စီးမီးရှို့ရန်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းပါများကို ရှင်းလင်းတိုက်ထုတ်ရန်ဖြစ်ကြောင်း ယနေ့ မေလ ၇ ရက်တွင် ထုတ်ပြန်သည်။

“ပြည်သူတွေ အထင်မှားအောင် တွန်းဇံကို မီးရှို့ဖို့လာတာ၊ ဇိုမီးအိမ်တွေကို မီးရှို့ဖို့လာတာလို့ သတင်းတွေလွှင့်နေကြလို့ အဲလို ထုတ်ပြန်ရခြင်းဖြစ်တယ်။ ကျနော်တို့က ပြည်သူ့အိမ်ကို မီးရှို့ဖို့မဟုတ်ဘူး။ ပြည်သူကို ကာကွယ်ဖို့ဖြစ်တယ်” ဟု CDF – တွန်းဇံ ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန်က ပြောသည်။

ချင်းလဲန်းကောင်စီလက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်သော တပ်ဖွဲ့ဖြစ်ပြီး အဖျက်သမားများ၏ သွေးထိုးလှုံဆော်မှုများကို အသိအမှတ် မပြုကြရန်၊ ယုံကြည်မှု မပြုကြရန် CDF – တွန်းဇံက ထုတ်ပြန်သည်။

တွန်းဇံမြို့နယ်တွင် ZRA (EC)၊ PDF- Zoland၊ CDF – တွန်းဇံနှင့် PDF ခေါ် Thado Defense Force စသည့် လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ အခြေပြုလှုပ်ရှားနေကြကြောင်း Institute of Chinland Studies စာတမ်းတွင် ရေးသားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.