Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ စစ်ရေးအသုံးစရိတ် သိန်းတစ်ထောင်ကျော် အကြွေးတင်နေ၍ အကူအညီများ လိုအပ်

ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ စစ်ရေးအသုံးစရိတ် သိန်းတစ်ထောင်ကျော် အကြွေးတင်နေ၍ အကူအညီများ လိုအပ်

0
By Editor on May 9, 2024 Headline

(006SV)

ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ ခြေရာဖျောက်သွားသည့် စစ်ကောင်စီတပ်၊ ပျူစောထီး ၅၀၀ ခန့်နှင့် ချင်းညီနောင်အဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF ကန်ပက်လက်တပ်ဖွဲ့ထံမှ သိရသည်။

“အခုအခြေအနေက ကန်ပက်လက်မှာ နေ့တိုင်းလိုပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ လေကြောင်း ကနေလည်း ပစ်ကူပေးနေပါတယ်။ စစ်သားနဲ့ ပျူအင်အားက ၅၀၀ တောင် ရှိတယ်ဗျာ။ အဲဒါကို ကျနော်တို့ လိုက်လံ တိုက်ထုတ်နေပါတယ်” ဟု CDF – ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ချင်း-မကွေးအစပ်မှ စစ်ရေးအချက် အချာကျသည့် ကျင်ဒွေးမြို့ စစ်ကောင်စီ တပ်စခန်းကို ဧပြီလ ၂၉ ရက်က ချင်းညီနောင်အဖွဲ့ ပူးပေါင်းတပ်များက အပြီးတိုက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ကျင်ဒွေမြို့ စစ်ကောင်စီစခန်းမှ လွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပျူ အင်အား ၅၀၀ ခန့်ကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့အထိ နှစ်ပတ်နီးပါးကြာ ကန်ပက်လက်မြို့နယ်အတွင်းမှာပင် အပြင်းအထန် လိုက်လံတိုက်ထုတ် နေရဆဲဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် ကျပ်သိန်း (၁) ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF – ကန်ပက်လက်ထံမှ သိရသည်။

“အဓိကက လက်နက်ခဲယမ်း၊ ကျည် အမျိုးမျိုးပေါ့၊ စားနပ်ရိက္ခာ ဆန်ဆီဆားတွေ ၊ စစ်သုံးဆီတွေ ၊ စစ်ယန္တရားတွေမှာ အများကြီး ကုန်ကျခဲ့ရတယ်။ ဒီတိုက်ပွဲကို နိုင်ချင်လွန်းလို့၊ ဒီမြို့ကို ရချင်လွန်းလို့ လုပ်လာတဲ့အခါမှာ ၄ လကျော် ကြာတဲ့အခါမှာ ထောက်ပို့ အင်အားက လုံးဝ မခံနိုင်တဲ့အခါမှာ စုဆောင်းထားတာတွေ အကုန်လုံး၊ ကုန်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒါနဲ့ မိဘပြည်သူ တွေကို ထပ်မံပြီး အကူအညီ တောင်းရတာဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက် တပ်မဟာမှူးက ပြောသည်။

ထို့အပြင် လက်ရှိနေ့စဉ်တိုက်ပွဲများအတွင် ကုန်ကျနေသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရ လူနာအများအပြားကို အချိန်မီ ဆေးကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေကြောင်း CDF – ကန်ပက်လက်က ထုတ်ပြန်ထားသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF – ကန်ပက်လက်နှင့် PDF၊ CDF မဟာမိတ်တပ်ပေါင်းစုက ၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကလည်း စစ်ရေးအချက်အချာ ကျသော ကျင်ဒွေးမြို့ မကျစေရေး စီမံချက်ဖြင့် လေကြောင်းနှင့် စစ်ကူအင်အား ရာချီ ဖြည့်တင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု အမြောက်အများဖြင့် အပြင်းအထန် ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက စခန်းမကျရေးကို လုံးဝ အာရုံစိုက်ပြီး ဒီဟာကိုပဲ တနိုင်ငံလုံးမှာ မတွေ့ကြုံဖူးတဲ့ လေကြောင်း ပစ်ခတ်မှု၊ စစ်ကူပေးမှု အပိုင်းတွေ လုပ်လာခဲ့တယ်။ ကျနော်တို့ ကျင်ဒွေးမြို့ကို မရဖို့ အသည်းအသန်ကို စစ်ကောင်စီက ကြိုးစားတဲ့အခါမှာ ကျနော်တို့ ပေးဆပ်ဆုံးရှုံးမှုတွေ များတယ်။ ကုန်ကျမှုတွေလည်းအများကြီး ရှိနေပါတယ်” ဟု တပ်မဟာမှူးက ပြောသည်။

ထို့နောက် ၂၀၂၄ မတ်လ ၇ ရက်တွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ပြောင်းလဲပြီး အာရက္ခတပ်တော် (AA/ ULA)၏ စစ်ရေးဦးဆောင်မှုဖြင့် PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင် တိုက်ခိုက်ခဲ့ရာမှ အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် တိုက်ပွဲအတွင်း ကုန်ကျခဲ့သော စစ်ရေးအသုံးစရိတ်များ ပြန်လည် ဖြည့်တင်းနိုင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ကန်ပက်လက်မြို့နယ်အတွင်းမှ အပြီးတိုင် တိုက်ထုတ်နိုင်ရန် မိမိတို့ကို အထူးဦးစာပေး ထောက်ပို့ပေးကြပါရန် CDF – ကန်ပက်လက်က နှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.