Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှု မကြာခင်စတင်ဖွယ်ရှိ

မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှု မကြာခင်စတင်ဖွယ်ရှိ

0
By Editor on May 15, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် ကောက်ယူမှုကို မကြာခင်စတင်အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ယနေ့ မေလ ၁၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို မီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များက သူ၏ရုံးခန်းတွင်သွားရောက်တွေ့ဆုံကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အထောက်အထားမဲ့နေထိုင်မှု များ၊ မူးယစ်ဆေးဝါး နှင့် စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် CYMA ခေါင်းဆောင်များက မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, ID Card နှင့် မွေးစာရင်းစသည့်အထောက်အထားများကို နိုင်ငံသားမဟုတ်သူများက ပိုင်ဆိုင်ရန်ကြိုးပမ်းမှုနှင့် ပိုင်ဆိုင်သူများရှိနေသောကြောင့် ယင်းကိစ္စကို သေချာကိုင်တွယ်ရန် အကြံပြုခဲ့ကြသည်။

စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် အသုံးပြုမည့် Biometric Enrolment Portal ကိုပြုလုပ်ထားပြီးဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း All India Radio News ကဖော်ပြသည်။

အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် ညွန်ကြားခဲ့သော်လည်း ယခင်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါဦးဆောင်သော MNF အစိုးရက ငြင်းဆန်ခဲ့သည်။

ထို့နောက် မီဇိုရမ်ပြည်နယ်တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်သော ZPM အစိုးရတက်လာပြီးနောက်တွင်လည်း ဇီဝအချက်အလက်များကောက်ယူရန် အိန္ဒိယဗဟိုအစိုးရက ထပ်မံ ဖိအားပေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောလ်မာက မြန်မာစစ်ဘေးရှောင်များအား မြန်မာ နိုင်ငံကိုပြန်မပို့ဘူးဟု ကတိပြုပါက ဇီဝအချက်အလက်များကောက်ယူမှုကိုဆောင်ရွက်နိုင်မည်ဟု အိန္ဒိယဗဟိုအစိုးရကို တင်ပြခဲ့ရာမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကတိပေးခဲ့သည်။

ထို့ကြောင့် ယခုအခါ မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်မှတ်မ်းကောက်ယူရာတွင် အသုံးပြု မည့် Biometric Enrolment Portal လည်းပြီးစီးပြီဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့အကောင်အထည် ဖော်လာမည့် အနေအထားရှိသည်ဟု သိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော် ခိုလုံလျှက်ရှိကြသည်။

ပုံစာ – မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် CYMA ခေါင်းဆောင်များ ယနေ့တွေ့ဆုံကြစဉ်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.