Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် CAM တောင်းဆို

မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် CAM တောင်းဆို

0
By Editor on May 18, 2024 Headline

မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs များ ဝင်ရောက်ခွင့်ပြုပြီး ဒေသခံများနှင့် မြန်မာစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် အမေရိကန်အခြေစိုက် Chin Association of Maryland (CAM) က တောင်းဆိုလိုက်သည်။

Chin Association of Maryland (CAM) အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung သည် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေမှ ၂၃ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်သို့ မြေပြင်အခြေအနေများ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို မေလ ၁၆ ရက်နေ့က အမေရိကန်အစိုးရထံ တင်ပြခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ NGOs အဖွဲ့အစည်းများ တရားဝင်ရောက်ရှိခွင့်ပြုရန် နှင့် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက စစ်ဘေးရှောင်ပြည်သူများအား တိုက် ရိုက်အကူအညီများပေးအပ်ရန်လိုအပ်သည်ဟု CAM ကဆိုသည်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR) ရုံးများကိုလည်း မီဇိုရမ်ပြည် နယ်တွင် ပွင့်လင်းလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေသော မီဇိုရမ်ပြည်နယ်က မီဇိုးလူငယ်အသင်း (CYMA) ကဲ့သို့သော ဒေသဆိုင်ရာ NGOs အတွက် နည်းပညာပိုင်းဆိုင်ရာများကိုလည်း အမေရိကန်အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသင့်သည်ဟု CAM ကအကြံပြုထားသည်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ရုံးစိုက်သော Chin Association of Maryland (CAM) သည် မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူအခွင့်အရေးဆိုင်ရာလွတ်လပ်ခွင့်အတွက် အမေရိကန် အစိုးရထံ စည်းရုံးလှုံဆော်အရေးဆို (Advocacy) ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်နေကြသော NUG အစိုးရ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အမေရိကန်အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများ ပေးအပ်ရန် အစဉ်တစိုက်စည်း ရုံးလှုံဆော်နေသည့်အဖွဲ့အစည်းလည်းဖြစ်သည်။

Pu Zo Tum Hmung ၏ မီဇိုရမ်ပြည်နယ် ခရီးစဉ်တွင် မီဇိုရမ်ပြည်နဝန်ကြီးချုပ်အပါအဝင် ဒေသတွင်း ဩဇာကြီး မားသော အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် စစ်ဘေးရှောင်များ၏အခြေအနေနှင့် အမေရိကန်အစိုးရက NDAA ဟုခေါ်သော အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေပါ Burma Act အရ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမည့်အထဲပါဝင်သော ထိုင်း-အိန္ဒိယနယ်စပ်က လူသားချင်းစာနာထောက်မှုအကူအညီအတွက် ဒေါ်လာ ၇၅ သန်း အမေရိကန်အစိုးရက လျာထားချက်များကိုလည်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.