Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီး ၇ သိန်းနီးပါးလှူဒါန်း

မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီး ၇ သိန်းနီးပါးလှူဒါန်း

0
By Editor on June 14, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်း Remal မုန်တိုင်းကြောင့် မိုးများပြီး မြေပြိုမှုအကြီးအကျယ်ဖြစ်ပွားကာ လူပေါင်း ၃၀ ကျော် အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ်သင့်ပြည်သူများကူညီရန် အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများက ရူပီးငွေ ၇ သိန်းနီးပါး ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

အမေရိကန်အခြေစိုက် ချင်းအဖွဲ့အစည်းများမှ ပေးပိုသည့် အလှူငွေ စုစုပေါင်း ရူပီး ၆၈၂,၀၀၀ ကို ၎င်းတို့ကိုယ်စား ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) တာ၀န်ရှိပုဂ္ဂိုလ်များက မီဇိုးလူငယ်အသင်း Central YMA ထံ ယနေ့ ဇွန်လ ၁၄ ရက် တွင် ပေးအပ်ခဲ့သည်ဟု Rihli Voice ကဖော်ပြသည်။

ထိုသို့ ပေးပို့သည့် အဖွဲ့အစည်းများမှာ Chin Association of Maryland, USA မှ ရူပီး ၈၂,၀၀၀ ၊ Chin Community of USA ၊ Chin TV, USA နှင့် Chin Crises Relief Community of USA မှ ရူပီး ၆ သိန်းတို့ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း သဘာဝ ဘေးဒဏ်သင့်ပြည်သူများအတွက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) မှ CYMA ထံ ရူပီး ၁ သိန်းပေးအပ်လှူဒါန်းခဲ့ပြီး Chin Baptist Association, North America (CBANA) ကလည်း သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံမှတဆင့် အလှူငွေ ဒေါ်လာ ၅၀၀၀ ပေးအပ်ခဲ့ကြောင်းသိရသည်။

အလားတူ အခြားသော ချင်းအရပ်ဖက်အဖွဲ့အစည်းများကလည်း မီဇိုရမ်ပြည်နယ်အတွက် အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းမှုများလည်းရှိခဲ့သည်။

မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်ခိုလုံကြသော မီဇိုရမ်ပြည်နယ်တွင် မေလ ၂၇ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် လူဦးရေစုစုပေါင်း ၃၄ ဦးသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည်ဟု ကြေညာ

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.