Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက် || ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်

မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက် || ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်

0
By Editor on June 18, 2024 Khonumthung

ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး ဗျူဟာကုန်း၊ ခလရ ၁၄၀ တပ်ရင်းနှင့် အခြားသော စစ်ကောင်စီတပ်စခန်းများ ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

“၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်က ခမရ ၃၀၄ တပ်ရင်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ချင်းညီနောင်ကဆိုသည်။

ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှထောက်ပံ့ပေးလျှက်ရှိသော ထောက်ပို့ပြည်သူများ နှင့် ထိုးစစ်များတွင်ပါဝင်ခဲ့သောစစ်သည်တော်များအားလုံး၏ ပြောင်မြောက်သောတိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့် နာခံမှုတို့အပေါ် လေးနက်စွာအသိမှတ်ပြုကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင်လေးစားအသိမှတ်ပြုအပ်ပါသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများမှ ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တုန်းကလည်း ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီစခန်းများဖြစ်သည့် EPC လျှပ်စစ်ရုံးနှင့် တာဝါတိုင်ရုံးစခန်းကုန်း ၂ ခုအား အပြီးသတ်သိမ်းယူခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းဆီးရမိကာ လက်နက်ကြီးလက်နက်ငယ် ၁၇ လက်သိမ်းဆည်းရမိသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.