Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ရိ ကားလမ်း ယာဉ်စီးခ လူတဦး ကျပ် ၂ သိန်းထိမြင့်တက်

ကလေး-ရိ ကားလမ်း ယာဉ်စီးခ လူတဦး ကျပ် ၂ သိန်းထိမြင့်တက်

0
By Editor on August 14, 2024 Headline

(002MG)

စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေကြသော မော်တော်ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းအထိမြင့်တက်သွားသည်ဟုသိရသည်။

“လူတယောက် (၂) သိန်းက မိုးတွင်းစတာနဲ့ဖြစ်တာ။လမ်းမှာ ပုံမှန်ဆိုရင်တညအိပ်တယ်၊ အရင်လို ခေတ်ကောင်း တုန်းကလို လူမများတော့ဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ပုံမှန်အသွားရော ၊အပြန်ရောရှိတယ်။ လမ်ခရီးက ဆိုးတယ် လမ်ဇန်ဖက်ကနေသွားတာ” ဟု ကလေး-ရိ ကားဂိတ်မှူးတစ်ဦးက ပြောသည်။

ယခင်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်း ခန့်သာ ရှိခဲ့သော်လည်း လောင်ဆာဆီဈေးမြင့်တက်မှု၊ မိုးတွင်းကာလဖြစ်၍ လမ်းမကောင်းသည့်အတွက် ဈေးနှုန်းမြင့် တက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်က အဓိကအရေးပါသော မဏိပူရ်မြစ်ကူးမံဆောင်းတံတားကို ဇွန်လ ၈ ရက်နေ့ က ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ကလေးမြို့မှ ရိခေါဒါရ်မြို့ကိုသွားမည်ဆိုလျှင် ကလေး-တီးတိန်-ကပ်တဲလ်လမ်းမှသော်လည်းကောင်း၊ ကလေး-ဖလမ်း-ရိ ကားလမ်းဘက်မှသော်လည်း ကွေ့ပတ်ပြီးသွားလာကြရသည်ဟုသိရသည်။

ထိုကြောင့် ယာဉ်စီးခနှင့် တန်ဆာခများမှာလည်း ယခင်ကထက် ဈေးမြင့်တက်သွားရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်သော မံဆောင်းတံတားကို လိုင်တွီးရွာသားများ၏ ဦးဆောင်မှုဖြင့် ကြမ်းခင်းများ ပြန်ခင်းကာ ဆိုင်ကယ်များသွားလာနိုင်ရန် ပြုပြင်ထားကြပြီဟုသိရသည်။

ရိခေါဒါရ်မြို့မှ ကလေးမြို့သို့အဆင်းကားခမှာ လူတစ်ဦးလျှင် ကျပ်တစ်သိန်းပေးရသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.