Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ရိ ကားလမ်း ယာဉ်စီးခ လူတဦး ကျပ် ၂ သိန်းထိမြင့်တက်

ကလေး-ရိ ကားလမ်း ယာဉ်စီးခ လူတဦး ကျပ် ၂ သိန်းထိမြင့်တက်

0
By Editor on August 14, 2024 Headline

(002MG)

စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေကြသော မော်တော်ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းအထိမြင့်တက်သွားသည်ဟုသိရသည်။

“လူတယောက် (၂) သိန်းက မိုးတွင်းစတာနဲ့ဖြစ်တာ။လမ်းမှာ ပုံမှန်ဆိုရင်တညအိပ်တယ်၊ အရင်လို ခေတ်ကောင်း တုန်းကလို လူမများတော့ဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ပုံမှန်အသွားရော ၊အပြန်ရောရှိတယ်။ လမ်ခရီးက ဆိုးတယ် လမ်ဇန်ဖက်ကနေသွားတာ” ဟု ကလေး-ရိ ကားဂိတ်မှူးတစ်ဦးက ပြောသည်။

ယခင်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်း ခန့်သာ ရှိခဲ့သော်လည်း လောင်ဆာဆီဈေးမြင့်တက်မှု၊ မိုးတွင်းကာလဖြစ်၍ လမ်းမကောင်းသည့်အတွက် ဈေးနှုန်းမြင့် တက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်က အဓိကအရေးပါသော မဏိပူရ်မြစ်ကူးမံဆောင်းတံတားကို ဇွန်လ ၈ ရက်နေ့ က ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ကလေးမြို့မှ ရိခေါဒါရ်မြို့ကိုသွားမည်ဆိုလျှင် ကလေး-တီးတိန်-ကပ်တဲလ်လမ်းမှသော်လည်းကောင်း၊ ကလေး-ဖလမ်း-ရိ ကားလမ်းဘက်မှသော်လည်း ကွေ့ပတ်ပြီးသွားလာကြရသည်ဟုသိရသည်။

ထိုကြောင့် ယာဉ်စီးခနှင့် တန်ဆာခများမှာလည်း ယခင်ကထက် ဈေးမြင့်တက်သွားရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်သော မံဆောင်းတံတားကို လိုင်တွီးရွာသားများ၏ ဦးဆောင်မှုဖြင့် ကြမ်းခင်းများ ပြန်ခင်းကာ ဆိုင်ကယ်များသွားလာနိုင်ရန် ပြုပြင်ထားကြပြီဟုသိရသည်။

ရိခေါဒါရ်မြို့မှ ကလေးမြို့သို့အဆင်းကားခမှာ လူတစ်ဦးလျှင် ကျပ်တစ်သိန်းပေးရသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.