Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်ကောင်စီနှင့် ICNCC တို့ကြား တွေ့ဆုံနိုင်ရေး ပြန်လည်စီစဉ်နေဆဲဟုဆို

ချင်းပြည်ကောင်စီနှင့် ICNCC တို့ကြား တွေ့ဆုံနိုင်ရေး ပြန်လည်စီစဉ်နေဆဲဟုဆို

0
By Editor on August 27, 2024 Headline

(006SV)

ချင်းတော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သည့် ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ပြန်လည်စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။

ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် Crisis Management Initiative (CMI) ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် CC နှင့် ICNCC/ CB တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ခဲ့သော်လည်း ယာယီရွှေ့ဆိုင်းထားလိုက်ရကြောင်း ချင်းပြည်ကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

“ကျနော်တို့ နှစ်ဘက်ကို တွေ့ဆုံနိုင်ရေးကို ကြိုးပမ်းပေးနေတဲ့ အဖွဲ့တွေအနေနဲ့ ဒါကို ဆက်လက်ပြီးမှ ဆောင်ရွက်သွားဖို့ ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ နှစ်ဖက်တွေ့ဆုံနိုင်ဖို့ ဆက်လက်ပြီးတော့မှ ကြိုးပမ်းသွားဖို့ ရှိပါတယ်။ နှစ်ဖက်စလုံးကနေပြီးတော့မှ အဲဒီသဘောထားပေါ်မှာ နှစ်ဖက်စလုံးက သဘောတူထားတာ ရှိပါတယ်။ဒါပေမယ့် အခြေအနေအရပ်ရပ် တစ်ခုကြောင့် ရွေ့ဆိုင်းထားရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။

နဂိုစီစဉ်ထားချက်အရ CMI အနေဖြင့် ချင်းလဲန်းကောင်စီနှင့် ICNCC တို့ကို တစ်ဖွဲ့ခြင်းသီးခြားတွေ့ဆုံကာ ၎င်းတို့၏ သဘောထားကွဲလွဲမှုအခြေအနေများကို စမ်းစစ်လေ့လာပြီးနောက်မှ နှစ်ဖက်အင်အားစုများအကြား ပြန်လည်သင့်မြတ်နိုင်ရေး အဖြေရှာရန်ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း လုံခြုံရေးအခြေအကြောင့် အဆိုပါတွေ့ဆုံမည့်အစီစဉ်များကို CMI ဘက်က ရက်ပြန်လည်ရွေ့ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံမည့်အခြေအနေကို လူမှုကွန်ယက်စာမျက်နှာတချို့နှင့် သတင်းမီဒီယာများတွင် ချင်းလဲန်းကောင်စီ(CC) နှင့် ချင်းညီ နောင်(CB) တို့တွေ့ဆုံမည့် သဘောမျိုးရေးသားမှုများရှိနေပြီး ချင်းညီနောင် (CB) သည် စစ်ရေးအဖွဲ့ဖြစ်ပြီး ICNCC သည် CB ၏ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်း ဖြစ်သောကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများသည် CC နှင့် ICNCC တို့အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်လိမ့်မည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် ကောင်းသည့်လက္ခာတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း ဖြင့် ယုံကြည်မှုတည်ဆောက်သွားကြရမှာဖြစ်ကြောင်း ဆလိုင်းပေါလ်ကပြောသည်။

“ဒီတော်လှန်ရေးကာလမှာ ချင်းပြည်ကို ဦးဆောင်တဲ့ တော်လှန်ရေးအုပ်စုတွေအနေနဲ့‌ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ အကောင်းဆုံး အဖြေကို ရှာဖွေတာက သင့်လျော်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ကျနော်တို့ ကြားထဲမှာ ချက်ချင်းကြီး ပူးပေါင်းဆောင်ရွက်လို့ မရနိုင်သေးတဲ့ ကဏ္ဍတွေ ရှိကောင်း၊ ရှိနိုင်မှာ ဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးပြီးမှ စာပွဲးပေါ်မှာ စဉ်ဆက်မပြတ် တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်နိုင်မယ့် ကဏ္ဍာတွေ ရှိလာနိုင်လို့ အခုလိုတွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပေါ်မှုကို ကောင်းတဲ့ လက္ခာတစ်ခုဖြစ်ပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။

CC နှင့် ICNCC တို့တွေ့ဆုံဆွေးနွေးမှုအစီစဉ်များသည် CMI အဖွဲ့က နေရာနှင့် အချိန်တို့ကို စီစဉ်ဆောင်ရွက်မှုဖြစ်၍ ထပ်မံတွေ့ဆုံမည့် အခြေအနေများကို အတိအကျ မသိနိုင်ကြောင်း သိရသည်။

Crisis Management Initiative (CMI)အဖွဲ့သည် ဆွေးနွေးပွဲနှင့် ညှိနှိုင်းဖျန်ဖြေမှုတွေကတစ်ဆင့် ပဋိပက္ခတွေကို တားဆီး ဖြေရှင်းဖို့ ကြားဝင်ဆောင်ရွက်ပေးနေသည့် လွတ်လပ်၍ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖင်လန်နိုင်ငံ၊ ဟဲစီကီမြို့မှာ အခြေစိုက်ထားကြောင်း သိရသည်။

ချင်းတော်လှန်ရေးအဖွဲ့များကြားက လက်ရှိပဋိပက္ခ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက်ကြရန် ချင်းလူထုက လိုလားနေကြောင်း ဩဂုတ်လ၂၁ ရက်က ထုတ်ပြန်သည့် ချင်းလူထုစစ်တမ်းအရ Chin Civic Movement – CCM အဖွဲ့က တိုက်တွန်းထားသည်။

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကိုဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၃လခန့်အကြာ ချင်းပြည်နယ်တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ကို ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သည့် ဝန်ထမ်းများ၊ အရပ်ဘက်ကိုယ်စားပြုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလမှာ CNF က ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကနေ နုတ်ထွက်သွားခဲ့ပြီး ယင်းနှစ် စက်တင်ဘာ လမှာ ညီလာခံတစ်ရပ်ခေါ်ယူ၍ ချင်းအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းပြီး ဒီဇင်ဘာလတွင် ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့သည်။

ချင်းပြည်ကောင်စီထဲတွင် ချင်းအမျိုးသားတပ်မတော်(CNA) ၊ CDF-Matupi တပ်မဟာ (၂)၊ ၊CDF-Lautu ၊ CDF-Zotung ၊CDF- Paletwa ၊ CDF-Hualngoram ၊ CDF-Tonzang၊ CDF-Hakha, CDF-Thantlang, CDF-KKG ၊ CDF-Zophei ၊ CDF/ CDM SIYIN ၊ PDA-Tedim၊ CDF-Mara ၊ CDF-Zanniatram နဲ့ Mindat Council စသည့်အဖွဲ့များ ပါဝင်သည်။

ချင်းလဲန်းကောင်စီကို လက်မခံသည့် ချင်းလက်နက်တော်လှန်ရေးများက ညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်သည်။

ချင်းညီနောင်အဖွဲ့သည် နိုင်ငံရေးပိုင်းဆိုင်ရာတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တွင် ပါဝင်ထားပြီး လက်တွဲဆောင်ရွက်နေသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးကာလအတွင်း ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်အကြား စစ်ရေးတင်းမာလာပြီး အပြန်အလှန်ပစ်ခတ်မှုအထိဖြစ်ပွားကာ နှစ်ဖက်စလုံးက ရဲဘော်တွေလည်း ကျဆုံးမှုရှိခဲ့ကြောင်း၊ လိုင်လင်းပီမြို့တွင်လည်း MDF နှင့် CDF- Mara ၊ CNA တို့ကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.