Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ပြည်သူတွေ အထွေထွေကြပ်တည်းမှု ပိုပိုဆိုးလာ

ကလေးမြို့မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ပြည်သူတွေ အထွေထွေကြပ်တည်းမှု ပိုပိုဆိုးလာ

0
By Editor on September 3, 2024 Headline

(002MG)

ချင်းတောင်ခြေ စစ်ကိုင်းတိုင်း ကလေးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ၏ အထွေထွေကြပ်တည်းမှုမှာ ယခင်ကထက် ပိုပိုဆိုးလာနေသည်ဟု သိရသည်။

ကလေးမြို့တွင် ပြည်မဘက်မှ ကုန်ပစ္စည်များရောက်မလာသည်မှာ လချီကြာ မြင့်နေပြီဖြစ်ကာ ရှိသည့်ကုန်ပစ္စည်းများ မှာလည်း ပြတ်လပ်လုနီးပါးများဖြစ်ကြပြီး တနေ့နှင့်တနေ့ ဈေးနှုန်းမတူပဲ အပြောင်းအလဲအမြဲဖြစ်နေသည်ဟု ကလေးမြို့က ကုန်စုံဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ကျမတို့ ကုန်ခြောက်တွေဆိုရင် ဒီနေ့သွားယူတဲ့ ဈေးနဲ့ မနက်ဖြန်ဈေးတောင်မတူတော့ဘူး၊ အရင်တခေါက်ကဆိုရင် ဆပ်ပြာမူန့် (OK၊ ဖူဂျီ) ဗူး‌အကြီးတွေဆိုရင် ၄ သောင်းလောက်နဲ့ ယူခဲ့တာ အခုတခေါက်ဆို (၉) သောင်းရှိပြီလေ၊ ဒါတောင် လိုချင်သလောက်တောင်မရဘူး၊ စားဆီတွေဆိုရင်လည်း ကုမ္ပဏီကတောင် ပြတ်တော့မယ်ပြောလို့ အိမ်သုံးဖို့ တဖာ သီးသန့်ကို ချန်ထားရတယ်။ အခု ကုန်ကားတွေဝင်ရင်တောင်မှ တန်ဆာခနဲ့ဆိုရင် ဈေးတွေက အကုန်လုံးကို တက်နေတော့တာပဲ” ဟု ပြောသည်။

ယခုလက်ရှိ ကလေးမြို့ပေါ်မှာ အီကြာကွေးတစ်ချောင်း ယခင် ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိ မြင့်တက်သွားပြီး၊ ဆာဗူးသီးတစ်ပွဲမှာလည်း ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ မြင့်တက်သွားခြင်းကြောင့် သွားရည်စာ ပုံမှန်စားရန်ပင် အခက်အခဲရှိလာနေသည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

“အကုန်လုံး အစစအရာရာက ဈေးတက်နေတော့လေ မနက်မနက်သွားရည်စာ စားဖို့တောင် အဆင်မပြေချင်တော့ဘူး၊ ဘာလို့လည်ဆိုတော့ သွားရည်စာ စားဖို့တောင်မှ သောင်းဂဏန်းထိကုန်ကျနေပြီလေ၊ ကျမတို့လို အခြေခံလူတန်းစာ တွေအတွက်ကတော့ အဆင်မပြေတော့ဘူး၊ ထမင်းကြမ်းကို ကိုယ့်ဘာသာပြန်ကြော်ပြီး စားနေရတော့တယ် ဝယ်မစား နိုင်တော့ဘူးလေ” ဟု ကလေးမြို့ဒေသခံ အိမ်ရှင်မတစ်ဦးကပြောသည်။

ထို့အပြင် အခြားအခြေခံစားသုံးကုန်များဖြစ်ကြသော ကြက်ဥတစ်လုံး ၇၀၀ ကျပ်၊ အာလူး တပိဿာ ၇၅၀၀ ကျပ်၊ ခရမ်းချဉ်သီးတပိဿာ ၇၀၀၀ ကျပ်၊ ပန်းဂေါ်ဖီထုပ် တလုံး ၄၅၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၀၀၀၀ ကျပ်၊ ကြက် သားနဲ့ အမဲသား တပိဿာ ၂၅၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

အလားတူ ဓာတ်ဆီမှာလည်း တလီတာ ၁၂၀၀၀ ကျပ်ဖြစ်ပြီး တစ်ဂါလံမှာ ၄၈၀၀၀ ကျပ်နှင့် အခြားကုန်ပစ္စည်းဈေးနှုန်းများသည်လည်း အကျမရှိဘဲ နေ့စဉ်မြင့်တက်နေသည်ဟု သိရသည်။

ယခုကဲ့သို့ အခြေခံစားသုံးကုန် နှင့် လောင်စာဆီဈေးနှုန်းများ နေ့စဉ်နှင့်အမျှမြင့်တက်နေသောကြောင့် အခြေခံ လူတန်းစား၊ သာမန်နေ့စားအလုပ်သမားများမှာ ပို၍ အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

“အခုချိန်က အလုပ်ကလည်းရှားတယ်၊ ဆိုင်ကယ်နဲ့သွားလာရတော့ ဆီဈေးကကြီးသေးတယ်။ ကျွန်တော်က ကုန်မာ တွေ အတင်အချလုပ်တာ အိတ်အရေအတွက်နဲ့လုပ်ရတာ ပြီးရင်ကားတစီးမှာ လူဘယ်နှစ်ယောက် ပစ္စည်း ချတယ် အဲ့လိုမျိုးနဲ့ ပြန်ခွဲဝေရတော့ တရက်ကို တစ်သောင်းခွဲရဖို့တောင်မလွယ်တော့ဘူး။ လကုန်ရင် အိမ်လခဖိုးနဲ့ နေ့တိုင်း ချက်ပြုတ်စားဖို့ဆိုတော့ တော်တော်ကို ခက်ခဲလာတယ်” ဟု ကလေးမြို့က နေ့စားအအလုပ်သမားတစ်ဦးကပြောသည်။

တဖက်တွင်လည်း ကုန်ပစ္စည်းများပြတ်လပ်လာမည်စိုးရိမ်နေ‌ကြသောကြောင့် မီးဖိုဆောင်သုံး ဆီး၊ ဆား၊ ငပိ ၊ကုလားပဲ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ၊ အာလူး၊ ငါးခြောက်နှင့် အခြား စားသောက်ကုန်ပစ္စည်းများကို ကြိုတင်ဝယ်ယူစု ဆောင်းခြင်းများ ပြုလုပ်နေရကြောင်း အိမ်ရှင်မတဦးက ပြောသည်။

”ကျမတော့ အရင်က သိပ်မစုဖြစ်ဘူး၊ဘာလို့လဲဆိုတော့ တိုက်ပွဲရုတ်တရက်ဖြစ်လာရင် ထွက်ပြေးရမှာလေ အခုတော့ စစ်လည်းကြောက်ရသလို ပိုပြီးတော့ အငတ်ဘေးလည်းကြောက်ရတော့ ကိုယ့်အတွက် လိုမယ့်စားကုန်တွေတော့ အရင်ထက်ပိုဝယ်ထားရတယ်၊ ဈေးကလည်း တက်တာကမြန်သေးတယ်၊ ကုန်တာလည်း မြန်တယ်လေ။ ကြက်ဥ ဆိုရင်တောင် ရပ်ကွက်ထဲက တဆိုင်နဲ့တဆိုင်တောင်မတူဘူး တလုံး (၇၀၀) အထိတောင်ပေးဝယ်ရတဲ့ အချိန်တောင်ရှိတယ်” ဟု အိမ်ရှင်မတစ်ဦးကပြောသည်။

မန္တလေးမြို့ဘက်မှ ကလေးမြို့သို့ ကုန်ပစ္စည်းများသယ်ယူရာတွင် အဓိကအသုံးပြုသည့် မဟာမြိုင်ကားလမ်းမှာ ယနေ့ချိန်ထိဖြတ်သန်းသွားလာ၍မရသေးပဲဖြစ်နေပြီး ကလေး-ဟားခါး-ဂန့်ဂေါ ကားလမ်းကို အသုံးပြုပြေးဆွဲနေကြ သော်လည်း မိုးတွင်းကာလ လမ်းပျက်စီးမှုကြောင့် လမ်းခရီးကြန့်ကြာမှုများကြုံတွေ့နေကြရသည်ဟု သိရသည်။

ကလေးမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်ကာ အစစအရာရာအခက်အခဲများဖြစ်နေကြသည့်တချိန်တည်းမှာပဲ စစ်ကောင်စီ ကလည်း မြို့ပေါ်ရပ်ကွက်တချို့တွင် ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းများစစ်ဆေးခြင်း၊ စစ်မှုထမ်းရန်နာမည်စာရင်း ကောက်ယူခြင်း၊ လူငယ်များအားဖမ်းဆီးခေါ်ဆောင်ခြင်းများဆောင်ရွက်လျှက်ရှိသည့်အတွက် ဒေသခံပြည်သူများမှာ အထွေထွေကြပ်တည်းမှုနှင့်ရင်ဆိုင်နေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.