Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ်တချို့ရှိ ပဋိပက္ခဒဏ်ခံဒေသများကို သွားရောက်ကူညီနိုင်ရေး သန္နိဌာန်ချထားဟု ICRC ထုတ်ပြန်

ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ်တချို့ရှိ ပဋိပက္ခဒဏ်ခံဒေသများကို သွားရောက်ကူညီနိုင်ရေး သန္နိဌာန်ချထားဟု ICRC ထုတ်ပြန်

0
By Editor on September 11, 2024 Headline

(006SV)

ဘေးဖြစ်ရန် အလွယ်ကူဆုံး ရပ်ရွာလူထုများဖြစ်သည့် ချင်းအပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် ပြည်နယ်တချို့ရှိ ပဋိပက္ခဒဏ်ခံနေရသော ဒေသများကို သွားရောက်ပံ့ပိုးကူညီနိုင်ရန်သန္နိဌာန်ချထားကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စက်တင်ဘာလ ၁၀ ရက်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ICRC ဥက္ကဌ Mirjana Spoljari သည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာခရီး လာရောက်ခဲ့ပြီးနောက် မြန်မာတွင် ပိုမိုများပြားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ အဆောတလျင် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ICRC က ထုတ်ပြန်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများက အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိဘဲ နေထိုင်နေကြပြီ အစားအစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုမှာလည်း အကန့်အသတ်တွေရှိနေတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေ ဆက်လက်မဆောင်ရွက်နိုင်မှုကြောင့် မရေမတွက်နိုင်အောင်များပြားတဲ့ လူထုဟာ အသက်ရှင်ရပ်တည်နိုင်ဖို့နည်းလမ်းတွေ မရှိတော့ပါဘူး” ဟု ICRC ဥက္ကဌက ပြောသည်။

ချင်းအပါအဝင် နိုင်ငံတဝန်းက အကူအညီလိုအပ်နေသော လူထုထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ပိုမိုသွားရောက်ပေးအပ်နိုင်ရန် တောင်းဆိုခဲ့ကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပဋိပက္ခဒဏ်ခံနေရသော ဒေသများကို သွားရောက်ခွင့် ပိုမိုရရှိရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံနေရသည့် နေရာဒေသများတွင် နေထိုင်လျက်ရှိသူများကို သွားရောက်၍ ကူညီပံ့ပိုးနိုင်ရန် ICRC က သန္နိဌာန်ချထားသည်ဟု ဆိုသည်။

ချင်းအပါအဝင် နိုင်ငံတဝန်းမှာ ကြိုတင်ကာကွယ်နိုင်သောရောဂါများ ပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်အပံ့များ ပေးပို့ဖြည်းဆည်းမှု မရှိခြင်းကလည်း ဒဏ်ရာရသူများနှင့် နာတာရှည်ရောဂါသည်များကို ပိုမိုဆိုးရွားလာစေကြောင်း ICRC က ထုတ်ပြန်သည်။

လူထု သွားလာနိုင်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် ပိတ်ပင်ထားမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာသည့် အခြေအနေတွင် ရပ်ရွာလူထုတော်တော်များများတွင် အလွန်အရေးကြီးသော ဝန်ဆောင်မှုများ ရရှိနိုင်မှုအပေါ် အကန့်အသတ်ဖြစ်လာနေကြောင်း ICRC က ဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ယနေအထိ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုများကြောင့် ချင်းပြည်နယ်၏ လူဦးရေထက်ဝက်နီးပါးဖြစ်သော ၂ သိန်းခွဲနီးပါးသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းအပါအဝင် နီးစပ်ရာ တောတောင်များ၊ ရပ်ရွာများတွင် အခက်အခဲမျိုးစုံဖြင့် နေထိုင်နေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.