Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအားကောင်းရေး EROs နှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ၉ ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်မည်

အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအားကောင်းရေး EROs နှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ၉ ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်မည်

0
By Editor on September 20, 2024 Headline

(006SV)

အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းရင်သားတော်လှန်ရေးအဖွဲ့ – EROs နှင့် ပြည်နယ်/ လူမျိုးကိုယ်စားပြု ကောင်စီများ (၉) ဖွဲ့က စက်တင် ဘာလ ၁၉ ရက်တွင် ပူးတွဲ၍ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။

“အဓိက အချက်က ထုတ်ပြန်ချက် အထဲပါတဲ့ အစုအဖွဲ့ ၉ ခုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်‌ဆောက်ဖို့ ချဉ်းကပ်တဲ့အခါမှာ bottom – up ပေါ်နော်၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ဆိုတဲ့ အောက်ခြေကနေ ချဉ်းကပ်မှုနဲ့ သွားမယ်ဆိုတာ အသိပေးချင်တာဖြစ်တယ်။ နောက်စဉ်းစားချက်က ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ တကယ့် ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ဖို့က ပြည်နယ်ပဲ ပြောပြော၊ ယူနစ်ပဲ ပြောပြော၊ လူမျိုးတွေပဲ ပြောပြော၊ ဒါတွေ အားကောင်းမှ ဖက်ဒရယ်က ခိုင်မာမယ် ဆိုတဲ့ဟာကို ကျနော်တို့က စဉ်းစားတာဖြစ်တယ်။ နိုင်ငံရဲ့ အနေအထားက စုံလင်ကွဲပြားတဲ့ အနေအထား ဖြစ်တယ်။ ဗဟိုကိုပဲ ဦးတည်ပြီးတော့ ဗဟိုပြုပြီးမှ အပေါ်ကနေ အောက်ကို ဆင်းမယ့်ဟာကို အပေါ်ကပဲ အာဏာတွေ ယူထားပြီး၊ အောက်ခြေ ပြည်နယ်၊ ယူနစ်တွေမှာက တချို့သော လုပ်ပိုင်ခွင့်လောက်ပဲ သွားနေမယ်ဆိုရင် ပြည်ထောင်စု မခိုင်မာဘူးဆိုတာ ကျမတို့ အပြည့်အဝ ယုံကြည်တယ်။ ဒါကြောင့် ပြည်ထောင်စု ခိုင်မာဖို့ဆိုရင် ကျမတို့ရဲ့ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေ ၊ မတူကွဲပြားတဲ့ နိုင်ငံရေးအစဉ်အလာတွေကို အသိအမှတ်ပြုရမယ်။ ဒါကြောင့် အောက်ခြေက‌နေ စရမယ်လို့ ကျမတို့က ထုတ်ပြန်တာဖြစ်တယ်” ဟု ယင်းကြေညာချက်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နန်းမို့မို့က ပြောသည်။

တိုင်းရင်အားတော်လှန်ရေးအင်အားစု (၉) ဖွဲ့က ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများ အကြိမ်ကြိမ် ကျင်းပပြုလုပ်ပြီးနောက် ပြည်နယ်အားကောာင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom- up Federalism) နှင့် စပ်လျဉ်း၍ သဘောတူ ညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုပြီး ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစု (၉) ဖွဲ့တို့ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်သည်။

Bottom- Up Federalism တွင် (က) အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်ကြောင်း၊ ယင်းယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံကြောင်း၊ အချုပ်အခြာအာဏ၊ သွေးစည်း ညီညွတ်မှု၊ လူထုနှင့် အနီးကပ်ဆုံး အာဏာနှင့် အချိုးကျမှု အခြေခံမှုများအတိုင်း လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်ဟု ဆိုသည်။

ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်ရေး (Bottom- Up Federalism) ကို တော်လှန်ရေးအင်အားစုများအကြား ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့ကြောင်း သိရသည်။

“ရှေ့ဘယ်လို အခင်းအကျင်းတွေကို မြင်ရမလဲက လောလောဆယ်က အဖွဲ့ ၉ ဖွဲ့ ပါဝင်ပေမယ့်လည်း နောက်ပိုင်းမှာ ကျန်တဲ့ အစုအဖွဲ့တွေ ပါဝင်လာဖို့ ကျမတို့ ဆက်လက်လုပ်ဆောင်သွားဖို့တွေ ရှိတယ်။ ကျန်တဲ့အဖွဲ့ တွေလို့ ပြောတဲ့အခါမှာ နေရာဒေသ ကိုပဲ ပြောပြော၊ ပြည်နယ်ကိုပဲ ပြောပြော ၊ လူမျိုးကိုပဲ ပြောပြော အခြေပြုပြီး စုဖွဲ့လာတဲ့ အဖွဲ့အစည်းလေးတွေ ရှိလာတယ်။ ဒါက ဘာပဲ ပြောပြော အဲလိုစုဖွဲ့လာတယ်ဆိုကတည်းက ပြည်နယ်အားကောင်းလာရေး၊ ဒေသအားကောင်းရေး၊ လူမျိုးအားကောင်း ရေးကို စဉ်းစားတာဖြစ်တယ်။ အဲဒီလူတွေပါဝင်လာဖို့ ဆက်ပြီး ဆောင်ရွက်မှာတွေ ရှိသလိုမျိုး ပြည်နယ်၊ ယူနစ်တွေ အချင်းချင်း ကြားမှာ ပူးပေါင်ဆောင်ရွက်မှုတွေကလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု နန်းမို့မို့က ပြောသည်။

ယင်း သဘောတူညီချက်များနှင့် လုပ်ငန်းစဉ်များကို တိုင်းရင်းသား တော်လှန်ရေးအင်အားစု (၉) ဖွဲ့က အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကြေညာလိုက်သည့် တိုင်းရင်သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/ လူမျိုးကိုယ်စားပြု ကောင်စီများ (၉)ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ရေး (NMSP- AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကောင်စီ (IPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.