Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- Paletwa ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝဒေသခံ ၁၄ ဦးကို AA ဖမ်းဆီးဟုဆို

CDF- Paletwa ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝဒေသခံ ၁၄ ဦးကို AA ဖမ်းဆီးဟုဆို

0
By Editor on October 1, 2024 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် CDF-Paletwa ကို ထောက်ပံ့သည်ဟူသော အကြောင်းပြချက်ဖြင့် အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization က စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်‌နေ့က ပလက်ဝမြို့နယ်ထဲက ငရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက် ရယ် (Yeh Ray)၊ ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲနှင့် ဦး ကျော်လှအောင်၊ ကုန်းတော် အုပ်စု ရေချမ်းသာကျေးရွာမှ ၃ ဦး (နာမည်စိစစ်ဆဲ) စုစုပေါင်း ၁၀ ယောက်ကို CDF-ပလက်ဝအား ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် AA က ဖမ်းဆီးခဲ့သည်ဟု Global Khumi Organization က ထုတ်ပြန်သည်။

ထို့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာမှ ဦးစွန်းအောင်(၆၈) နှစ်၊ ဦးခင်ကျော် (၃၅) နှစ်၊ ဦးကာပန် (၅၅) နှစ်၊ ဦးဟွေ့ကို (၅၇) နှစ်တို့ကို AA က နောက်ပြန်ကြိုးတုတ်၊ ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးခြင်းခံရသူအချို့မှာ မီးဇာကျေးရွာတွင် ထိန်းသိမ်းထား‌သည်ဟု သိရသော်လည်း အချို့ကိုမူ မည်သည့်နေရာသို့ ခေါ်ဆောင်သွား‌သည်ကို မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပလက်၀မြို့နယ်၊ ပိန္နဲတပင်ကျေးရွာတွင် AA တပ်ဖွဲ့ဝင်တစ်ဦးကို ရွာသားများက ရိုက်နှက်သည်ဟုသံသယဖြင့် အဖြစ်မှန်ကို သေချာစိစစ်ခြင်းမရှိဘဲ ပိန္နဲတပင်ရွာ (La Keung avang) နှင့် သဲမချောင်းဝကျေးရွာ (Kimavum avang) များမှ AA ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသား၅ ဦး၊ စုစုပေါင်း ၁၅ ဦးခန့်အား ရိုက်နှက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိကြကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်ခံရသော အုပ်ချုပ်ရေးမှူးများအချို့မှာ ပြင်းထန်စွာဒဏ်ရာရရှိ‌သောကြောင့် အလုပ်လုပ်ရန်ပင် မသွားနိုင်ကြောင်း GKO ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့မနက်ပိုင်းတွင် သဲမချောင်းထဲရွာ အထက်ရှိ ရွာသားပိုင်လယ်ကွင်းတွင် အခြေချတပ်စွဲသော AA တပ်ဖွဲ့ဝင်တစ်ဦးသည် သဲမချောင်းဝသို့အလာလမ်း သဲမချောင်းထဲ တည့်တည့်တွင်ရှိသော ဒေသအခေါ် (kakawi) တွင် သတိမေ့ပြီးလဲနေခဲ့သည်ကို တွေ့ရှိရသာကြောင့် ရွာသားများမှ ပလက်၀ဆေးရုံသို့ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ညနေပိုင်းတွင် သဲမချောင်းဝကျေးရွာမှ AA ကခန့်သည့်အုပ်ချုပ်ရေးမှူးများကို လက်နောက်ပြန်ကြိုတုတ်ကာ အွီးပိုကစွန် (upo kachawn)ရှိ ရွာလယ်ဇရပ်သို့ခေါ်‌ဆောင်ပြီးနောက် လူသားမဆန်စွာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ကြကာ ပြင်ထန်ဒါဏ်ရာရရှိကြသည်ဟုလည်းဆိုသည်။

အဆိုပါမူးလဲနေခဲ့သော AA တပ်ဖွဲ့ဝင်မှာ အရက်မူးပြီး အချင်းချင်းရိုက်နှက်ကြခြင်းဖြစ်သော်လည်း AA ထိပ်ပိုင်းခေါင်းဆောင်များမှသိရှိပြီး အရေးယူခံရမည်ကို စိုးရိမ်ကြသောကြောင့် ရွာသားများအား လွှဲချခြင်းသာဖြစ်သည်ဟု ရွာသားများကပြောဆိုကြောင်း Global Khumi Organization က ဖော်ပြသည်။

စက်တင်ဘာလ ၁ ရက်နေ့ည‌နေ မိုးမချုပ်မီအချိန်တွင်လည်း CNF/A ရောက်လာသည်ဟုဆိုကာ ခူမီး (ချင်း) နေထိုင်သည့် ကြွေသောင်ကျေးရွာအုပ်စု၊ လောင်းတင် (Laung Tang) ရွာသို့ AA တပ်ဖွဲ့ဝင်များက ရွာပတ်ပတ်လည်ဝိုင်းထားကာ AA တပ်ဖွဲ့ဝင်တချို့ ရွာထဲသို့ဝင်လာပြီး အမျိုးသမီးနှင့် နို့စို့ကလေးငယ်များအပါအဝင် ရွာသားများအားလုံးကို ရွာ၏စာသင်ကျောင်းတွင် စုခိုင်းပြီး အချို့သောအမျိုးသားများကိုခေါ်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် လူသစ်ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ထိုသို့စစ်ဆေးရာတွင် အချို့အိမ်ရှိ သေတ္တာ၊ ဗီရိုများအား ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အာရက္ခတပ်တော်(AA) သည် ပလက်ဝမြို့နယ်တွင် မင်းမဲ့စရိုက်လက္ခာအပြည့်ဖြင့် အဓမ္မကျူးကျော် ဝင်ရောက်လာပြီး၊ ဒေသခံပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကြိုးတုတ်ကာ ဖမ်းဆီးခြင်း၊ လူသားမဆန်စွာရိုက်နှက်ခြင်းနှင့် ပြည်သူများအ‌ေပါ် သနားညှာတာမှုမရှိဘဲ အာဏာရှင်ဆန်ဆန်ဆက်ဆံကာ နည်းလမ်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း Global Khumi Organization က ထုတ်ပြန်သည်။

AA တပ်ဖွဲ့ဝင်များအနေဖြင့် ချင်းလူမျိုးများအပေါ် လေးစားမှုကင်းမဲ့စွာ ဆက်ဆံခြင်းသည် ချင်းလူမျိုးနှင့် ရခိုင်လူမျိုးတို့အကြား မလိုလားအပ်သော လူမျိုးရေးပြသာနာ ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းဟု သတ်မှတ်ကြောင်း Global Khumi Organization က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.