Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံး

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံး

0
By Editor on October 9, 2024 Headline

ချင်းပြည်နယ် ဖလမ်းမြို့မှာ အခြေစိုက်တပ်စွဲထားသော ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ယာထဲအလုပ်လုပ်နေသော အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ၂၆၈ တပ်ကုန်းကနေ လက်နက်ကြီး ၄ ကြိမ်ခန့်ပစ်ခတ်ခဲ့ပြီး ဖလမ်းမြို့မှ ၆ မိုင်ခန့်ဝေးသော Relsing ကျေးရွာ ဘောလုံးကွင်းအနီး ကျရောက်ပေါက်ကွဲကာ တောင်ယာထဲအလုပ်လုပ်နေသော အသက် ၅၇ နှစ်အရွယ် Pu Biak Kip Ceu ထိမှန် သေဆုံးခဲ့သည်ဟု ဖလမ်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်သည် Relsing ကျေးရွာကျောင်းဝင်းထဲက အဆောက်အဦးတစ်ခုကိုလည်းထိမှန်ခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပေ။

ယနေ့မွန်းလွဲပိုင်း ၁ နာရီလောက်ကလည်း ဖလမ်းမြို့အထွက် ဖလမ်း-ဟားခါးလမ်းမပေါ်က Lungpi, Lungrang ကျေးရွာဘက်နှင့် Surbung လေယာဉ်ကွင်းဘက်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.