Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်

သဘောထားကွဲလွဲမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အဖြေရှာရန် မတူပီမြို့နယ်၊ ဒေသ- ၃ ပအဖ ထုတ်ပြန်

0
By Editor on October 15, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်း သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက်အဖြေရှာကြရန် အချက် ၅ ချက်ပါသော သဘောထားကြေညာချက်ကို မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၁ ရက်က မတူပီမြို့နယ်၊ ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာလူထုကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သဘောထား ၅ ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

“ဒေသ ၃ က ပြည်သူတွေ အားလုံးက ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ ပြည်သူတွေလို့ ပြောလို့ရတယ်။ တပ်မဟာ ၁ ကနေ ကျနော်တို့ကို CB ဘက်ကို မထောက်ခံဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာတွေ ခရီးသွားလာတာတွေကို ပိတ်ပင်တာတွေရှိတယ်။ အဲဒါတင် မကပဲ ဈေးဝယ်၊ ဈေးထွက်တာတွေရော အကုန်လုံး ပိတ်ပင်တာရှိတယ်။ အဲဒါကတော့ သူတို့ ထုတ်ပြန်ချက်အချက်ထဲမှာလည်း ပါတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်က ပြောသည်။

မတူပီမြို့နယ် စည်လုံးညီညွတ်ရေးကို ရှေ့ရှုလျက် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ ၂ တို့ကြား သဘောထားကွဲလွဲမှုကို ညှိနှိုင်ရေးလမ်းစဉ်ဖြင့် တိုက်တွန်းအဖြေရှာရန်၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်နေသည့် ညှိနှိုင်းရေးလမ်းစဉ်ဖြင့် အောင်မြင်မှုမရှိသော်လည်း အခြားမည်သည့် ဖြန်ဖြေရေးအဖွဲ့အစည်းကိုမဆို လက်ခံညှိနှိုင်းမှုပြုလုပ်ရန် ဒေသ ၃ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဆိုပြုသည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင်မှလွဲ၍ တော်လှန်ရေးအင်အားစုများ၏ ယန္တရားနှင့် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖြတ်သန်းသွားလာလုပ်ကိုင်ခွင့်ပြုရန်နှင့် မူးယစ်ဆေးဝါးမှလွဲ၍ ပြည်သူ၏ စားဝတ်နေရေးကို အထောက်အကူပြုစေသည့် ရောင်းဝယ်ဖောက်ကားမှုများ ခွင့်ပြုရန် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

CDF – မတူပီ၊ တပ်မဟာ – ၁ က ချင်းညီနောင်အဖွဲ့ကို လက်ခံမှ မတူပီမြို့ထဲကို ဝင်ခွင့်ရမည်ဟူ၍ သတ်မှတ်ထားသောကြောင့် ပလက်ဝ – မတူပီ လမ်းကြောတလျှောက်က CDF – မတူပီ၊ တပ်ရင်း ၃ ထိန်းချုပ်သည့် ဒေသ ၃ နယ်မြေမှ ပြည်သူများသည် မတူပီမြို့ပေါ်ကို ဝင်ခွင့်မရသကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်၊ အရောင်းအဝယ်ပြုလုပ်ခွင့်မရ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“ဖြစ်တဲ့ ပြသနာအာလုံးဟာ အများအားဖြင့် ပြည်သူတွေရဲ့ အခက်အခဲကို ပိုဖြစ်လာစေတယ်။ ကျနော်တို့က ပြည်သူတွေကို အဲလောက် အခက်အခဲတွေ မတွေ့စေချင်ဘူး။ မဖြစ်စေချင်ဘူး။ တပ်ဖွဲ့ တစ်ခုနဲ့တစ်ခုဖြစ်တဲ့ ပြသနာကို ပြည်သူတွေအထိပါ တားဆီးပိတ်ပင်တာတွေ လုပ်တာကို လုံးဝမကြိုက်ဘူး။ အဓိက တပ်မဟာ ၁ နဲ့ ၂ ကို အချင်းချင်းညှိနှိုင်းမှုလုပ်နိုင်မှ ပြည်သူတွေပါ လွတ်လပ်မှုရှိမယ်။ ဒေသ ၃ ဘက်က ပြည်သူတွေကို ဒီလိုလုပ်ထားမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လုပ်စရာတွေ အများကြီးရှိတယ်။ ပြောချင်တာက ကလဲစားချေတာတော့မဟုတ်ပေမယ့် ဖြစ်သင့်တဲ့အရာကို လူကြီးပိုင်းတွေက စဉ်းစားသင့်တယ်။ ကျနော်တို့ အချင်းချင်းကြားက ပြသနာကို ပြည်သူတွေအပေါ်မှာ မသက်ရောက်စေချင်ဘူး” ဟု တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်းဂျွန်ကိမ်က ပြောသည်။

ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့သည် မတူပီ – ပလက်ဝလမ်းမပေါ်ရှိ ဝလံပီကျေးရွာနှင့် ထေဘွေးကျေးရွာအကြား ထောက်ပို့လမ်း ကြောင်းအဖြစ် ဆက်လက်အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန်လည်း ဒေသ ၃ ပအဖအဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

ဒေသ – ၃ နယ်မြေအတွင်း ဒေသခံပြည်သူများ၊ မတူပီမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူများ၊ တခြားဒေသဘက်မှ စစ်ဘေးရှောင်ပြည်သူများ စုစုပေါင်း ပြည်သူ ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ကြကြောင်း ဒေသခံတချို့က ပြောသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ- ၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်လာပြီး၊ တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။

CDF – မတူပီ၊ တပ်မဟာ – ၁ သည် အာရက္ခတပ်တော် AA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရေးအကူအညီဖြင့် မတူပီမြို့က စစ်ကောင်စီစခန်းများကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.