Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

0
By Editor on October 18, 2024 Headline

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဇိုဖေရမ်ကောင်စီဌာနချုပ်တွင် ဒုတိယညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဇိုဖေရမ်ကောင်စီ အစည်းအဝေးကို ကျင်းပပြီး ဆုံးဖြတ်အတည်ပြုချက်များ ချမှတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ချင်းပြည်လွှတ်တော်မှ ပြဌာန်းသည့် အခွန်အကောက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ယင်းအစည်းအဝေးတွင် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပြီး စတင်အကောင်အထည်ဖော်ရန် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇိုဖေရမ်ဒေသအတွင်း အခွန်အကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစီမံချက်များ ထပ်မံရေးဆွဲပြီး စတင်ဖော်ဆောင်နိုင်ရန် တာဝန်ပေးအပ်ခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဇိုဖေရမ်အက်ဥပဒေကိုလည်း ဇိုဖေရမ်ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ရန် ယင်းအစည်းအဝေးတွင် အတည်ပြုနိုင်ထားပြီ ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

ချင်းပြည်နယ်အတွင်းက လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကိုလည်း သုံးသပ်ချက်များပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ မဏ္ဍိုင်ကြီး ၃ရပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဇိုဖေရမ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းပြည်လူထုအပါအဝင် Zopheiram Council Supporting Committee of Global တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဇိုဖေရမ်ကောင်စီ နှင့် CDF- Zophei တို့သည် ဇိုဖေရမ်ဒေသကို ထိန်းချုပ်စိုးမိုးထားပြီး ယင်းဒေသတွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.