Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူး PDF တပ်ရင်း (၄) ၏ ကာကင်းကို စစ်ကောင်စီတပ်ဖွဲ့က အလစ်ငိုက်ဝင်စီးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်သုံးဦး ကျဆုံး

တမူး PDF တပ်ရင်း (၄) ၏ ကာကင်းကို စစ်ကောင်စီတပ်ဖွဲ့က အလစ်ငိုက်ဝင်စီးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်သုံးဦး ကျဆုံး

0
By Editor on October 24, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာက တမူး PDF တပ်ရင်း (၄) ၏ ကာကင်းကို ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးတို့က အလစ်ငိုက်ဝင်ရောက်စီးနင်းမှုကြောင့် တမူး တပ်ရင်း (၄) က တပ်စိတ်မှူးအပါအဝင် ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

ထိုကဲ့သို့ အလစ်ငိုက်ဝင်ရောက်စီးနင်းမူကြောင့် တော်လှန်ရေးရဲဘော်များက အချိန်မှီ ပြင်ဆင်ချိန်မရလိုက်ဘဲ အသက် (၂၃) နှစ်အရွယ် တပ်စိတ်မှူး သော်ဇင်ထွန်း၊ အသက် (၁၉) နှစ်အရွယ် ပိုင်ပိုင်နှင့် အသက် (၁၈) နှစ်အရွယ် ကျော်သီဟအောင်တို့ (၃) ဦး ကျဆုံးခဲ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“သူတို့က နမွန်းတားရွာထဲကို ထိုးလာတာပေါ့ ကျွန်တော်တို့ စိုးမိုးနယ်မြေအဆုံးမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်၊ သူတို့လည်း ပြန်ဆုတ်သွားတယ်၊ နမွန်းတားကို ကျွန်တော်တို့ ပြန်ထိုင်ထားတယ်၊ သူတို့ ဆက်ပြီးတော့ တိုးလာရင်တော့ ပြန်ပြီးတော့ ဖြစ်မှာပဲ။ အခု ကသည်းတွေလည်းပါတယ် သူတို့က စကစနဲ့ပေါင်းပြီးတော့ ကျွန်တော်တို့ကို တိုက်နေတာရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ (၂၃) နေ့က မနက် (၆) နာရီမှစတင်ကာ နေလည်ပိုင်း (၁၂) နာရီအထိ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်ကလည်း ၃ ဦးသေဆုံးကာ စစ်ကောင်စီဘက်မှ စစ်ကူတိုက်ပေးနေသော ကသည်းလူမျိုးတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

နမွန်းတားကျေးရွာသည် တမူးမြို့နှင့် (၁၀) မိုင်နီးပါးကွာဝေးပြီး ယင်းတိုက်ပွဲကြောင့် ကလေး-တမူး အာရှလမ်းမကြီးဘေးရှိ နန်မွန်းတားကျေးရွာအပါအဝင် တိမ်းကယား၊ မင်းသမီး၊ ပန်းသာကျေးရွာက ပြည်သူများသည် တိုက်ပွဲမဖြစ်ခင် (၃) ရက်အလိုတွင် ကြိုတင်စစ် ဘေးတိမ်းရှောင်ခဲ့ကြကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.