Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

ပလက်ဝမြို့နယ်တွင် အာရက္ခ‌ပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

0
By Editor on November 25, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

“ပလက်ဝမှာ လက်ရှိက အေအေရဲ့ အုပ်ချုပ်ရေးယန္ဒရား လည်ပတ်နေတယ်၊ ပြီးရင် ပညာရေးစနစ်ကို လုပ်ဆောင်နေတာ ပေါ့နော်။ ဘယ်လိုမျိုးလုပ်မလဲဆို‌တာတော့ အတိအကျမသိဘူး၊ လာမဲ့နှစ် ၂၀၂၅၊ တစ်လပိုင်းဆိုလို့ရှိရင် စပြီးလုပ်တော့ မယ်ပေါ့နော်။ ဒီနှစ်ထဲမှာတော့ သူတို့ curriculum တွေ အကုန်လုံး ပြီးမယ်၊ ပုံနှိပ်တွေဘာတွေ အကုန်ရိုက်မယ်ဆိုတဲ့ဟာမျိုး ကိုတော့ သိရတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အာရက္ခပညာရေးစနစ်ဖော်ဆောင်ရန်အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း အငြိမ်းစားများအား လိုက်လံစည်းရုံးနေကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများသည် အာရက္ခတပ်တော်၏ ပညာရေးဖော်ဆောင်မည့်အစီစဉ်ကို လက်မခံကြသည့် အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာနေပြီဟု သိရသည်။

“အဓိက ရခိုင်စာပေ၊ ရခိုင်သမိုင်းတွေသင်မယ်။ ပြီးတော့ ရခိုင်စကားကို အကုန်လုံးတတ်ရမယ်၊ ရခိုင်စကားနဲ့ပဲ အကုန်လုံး လွှမ်းမိုးရမယ်ဆိုတဲ့ပညာရေးစနစ်ပေါ့နော်။ ဒါကြောင့်လဲပဲ ပြည်သူလူထုတွေက လက်မခံလို့ မီဇိုရမ်ဘက် ထွက်ပြေးလာကြတာပေါ့” ဟု ခူမီးချင်းလူငယ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် အလုံးစုံသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်တွင် အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.