Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးကာလ ဟားခါး – ထန်တလန်ကြား စစ်စခန်း ၄ ခုကို သိမ်းယူ
Photo credit - VOC

ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးကာလ ဟားခါး – ထန်တလန်ကြား စစ်စခန်း ၄ ခုကို သိမ်းယူ

0
By Editor on December 2, 2024 Headline

စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်/ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး

(006SV)

ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ၏ Jericho စစ်ဆင်ရေးအတွင်း ဟားခါး – ထန်တလန်ကြားက စစ်ရေးအရ အချက်အချာကျသည့် စစ်ကောင်စီစခန်း ၄ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်နှင့်ရဲအရာရှိ ၅ ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များသည် Jericho စစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

Jericho စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ Kiamtlang/Ruavazung စခန်း၊ သီမြစ်ချောင်စခန်း၊Umpu Puaknak စခန်းနှင့် ပွိုင့် – ၃ စခန်းတို့ကို သိမ်းလိုက်ခြင်းဖြစ်ပြီး ယခုအထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်းနေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့ ဒီစခန်းက ၄ ခုကို သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ်၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ ဘက်က ဂျက်ဖိုက်တာကို အားကိုးပြီးတော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့အနီး စစ်ကောင်စီ ခလရ ၂၂၂ လက်အောက်ခံ၊ Kiamtlang/Ruavazung တပ်စခန်းကို နိုဝင်ဘာလ ၃၀ ရက်က သိမ်းပိုက် ရရှိခဲ့ပြီး တပ်ရင်းမှူး အပါအဝင် တပ်အရာရှိ ၂ဦး၊ ရဲမှူး ၁ ဦး နှင့် တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးကြောင်း သိရသည်။

သီမြစ်ချောင်းတံတားအနီးရှိ သီမြစ်ချောင်စခန်းနှင့် Umpu Puaknak စခန်းတို့ကိုလည်း နိုဝင်ဘာလ ၃၀ ရက်မှာပင် ချင်းပြည် အစိုးရပူးပေါင်းတပ်က သိမ်းယူလိုက်ကြောင်း၊ စစ်ကောင်စီမှ ထိခိုက်ကျဆုံးမှုများပြီး ထွက်ပြေးကြသည်ဟု သိရသည်။

ဟားခါး – ထန်တလန် ကြားမှာပင်တည်ရှိသည့် စစ်ကောင်စီ ပွိုင့် ၃ စခန်းကုန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၅ ရက် သိမ်းဆည်းထားသည်။

Jericho စစ်ဆင်ရေးတွင် စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ထဲက တပ်သား ၁ ဦးမှာ ဒဏ်ရာများရရှိထားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က စွန့်ပစ်ခံထားရသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်ရင်းမှူး ၂ ဦး၊ တပ်အရာရှိ ၃ ဦး၊ ရဲအရာရှိ ၂ ဦးတို့သည် တိုက်ပွဲမှာပင် သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀ ခန့်လည်း သေဆုံးနိုင်ချေရှိသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲဘော် ၄ ဦးမှာ ကျဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက အတည်ပြုသည်။

လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြားမှ ပွိုင့် ၃ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရမှုတွင် ချင်းပူးပေါင်းတပ်က ရဲဘော် ၃ ဦးကျဆုံး၊ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၅၀ ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းမိခဲ့သည်ဟု သိရသည်။

ဟားခါး- ထန်တလန်ကြားတွင် စစ်ကောင်စီ၏ စခန်းငယ် ၂ ခု ကျန်ရှိနေသေးပြီး ချင်းပူးပေါင်တပ်က အများစုကို ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း၊ သိမ်းလိုက်သော စခန်း ၄ ခုသည် စစ်ရေးအရ အချက်အချာ ကျသည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“စခန်းတွေကတော့ ဟားခါးနဲ့ ထန်တလန်ကြားက ဖြစ်ပြီးတော့ ဟားခါးဗျူဟာကုန်းနဲ့ နီးတယ်ဆိုတော့ အမြဲတမ်းထန်တလန်ကို စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာ ရှိနေတဲ့ဟာ ဖြစ်တယ်။ ဟားခါး – ထန်တလန် ကြားက လမ်းကြောင်းတွေကို ကျနော်တို့ ထိန်းနိုင်ပြီးဆိုရင်တော့ အဲဒီနေရာတွေမှာ ကုန်းကြောင်းအရ ပြည်သူလူထု အတွက် သွားလာမှုတွေ အဆင်ပြေသွားအောင်က အဓိက ကျတယ်။၊ ပြီးတော့ ဟားခါးဗျူဟာအတွက် စစ်ရေးအရ ဗျူဟာ ကျသလို၊ ကျနော်တို့ ချင်းပြည်အစိုးရ ပူးပေါင်းတပ် ဖွဲ့တွေအတွက်လည်း အင်မတန်မှ စစ်ရေးအရ အဓိကကျတဲ့ လမ်းကြောင်းကြီးပေါ်မှာရှိတဲ့ စခန်းတွေဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ဟားခါး – ထန်တလန်ကြား ထိန်းချုပ်ထားနိုင်မှုကို လက်မလွတ်ရရေးအတွက် လေကြောင်းပစ်ကူများ အများအပြား အသုံးပြုပြီး လက်နက်ကြီးပစ်ကူများဖြင့် ဆက်လက်ခုခံနေဆဲဖြစ်သောကြောင့် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Jericho စစ်ဆင်ရေးနာမည်သည် ခရစ်ယာန်ဘာသာ သမ္မာကျမ်းစာထဲက Jericho မြို့ကို အစွဲပြုယူထားခြင်းဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.