Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပေါ်တွင် မြို့နယ်မှူးကားကို တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၃ ဦး ဒဏ်ရာအများအပြားရရှိ

ဟားခါးမြို့ပေါ်တွင် မြို့နယ်မှူးကားကို တိုက်ခိုက်ရာ မြို့နယ်မှူးအပါအဝင် ၃ ဦး ဒဏ်ရာအများအပြားရရှိ

0
By Editor on January 7, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး စီးနှင်းလာသည့် ကားကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ဟားခါးက တိုက်ခိုက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ဟားခါးမြို့ပေါ်တွင် ဇန်နဝါရီလ ၄ ရက်က လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ရန် လာသော ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကားကို မြို့ပေါ်တနေရာမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တိုက်ပွဲကတော့ ခဏလေးပါ။ သူတို့ကားလာတဲ့အချိန်ကို ပစ်ပြီးတော့ ကိုယ့်လူတွေကို ပြန်ဆုတ်ခိုင်းတာပါ။ မြို့တွင်းဆိုတော့ အကြာကြီးပစ်လို့လည်း အဆင်မပြေဘူးဆိုတော့။ သူတို့ကားက မှောက်သေးတယ်။ ပလက်ဖောင်းပေါ်ကတက်ပြီးတော့ ဆိုင်ခန်း ၂ ခန်းကို ဝင်တိုက်ပြီးတော့ ကားလည်း တော်တော်လေး ပျက်စီးသွားတယ်။ သေသွားပြီထင်ပြီးတော့ ကိုယ့်လူတွေ ပြန်ဆုတ်ခိုင်းတာပါ” ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်အစိုးရရုံးတွင် လွတ်လပ်ရေးနေ့အခမ်းအနားကို ၄ နာရီ မီနစ် ၂၀ မှာ ကျင်းပရန် စီစဉ်ထားမှုကို သိရှိပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင် ၄ ဦးခန့် စီးနှင်းလာသောကားကို စောင့်ကြိုပစ်ခတ်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူးသည် မျက်စိ ထိခိုက်ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ကျည်ထိဒဏ်ရာများနှင့် ကားမှန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းတို့စီးနင်းလာသော ကားသည် လမ်းဘေးဆိုင်ခန်းများကို ဝင်တိုက်ပြီး ပျက်စီးသွားသည်ဟု သိရသည်။

ယင်းစစ်ဆင်ရေးတွင် CDF – ဟားခါးမှ ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဟားခါးမြို့အနီး Kiamtlang စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသည် MA 11 သေနတ် ၁ လက်၊ ကျည်ဘောင် ၃ ခု၊ ခဲယမ်းတချို့နှင့်အတူ CDF – ဟားခါးထံသို့ ဇန်နဝါရီလ ၃ ရက်က အလင်းဝင်ရောက်လာသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.