Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျန်းမာရေးဝန်ထမ်း အင်အားအများအပြားကို ချင်းပြည်အတွက် NUG နှင့် ချင်းပြည်အစိုးရ ပူးပေါင်းခေါ်ယူ

ကျန်းမာရေးဝန်ထမ်း အင်အားအများအပြားကို ချင်းပြည်အတွက် NUG နှင့် ချင်းပြည်အစိုးရ ပူးပေါင်းခေါ်ယူ

0
By Editor on January 9, 2025 Headline

(006SV)

ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း အများအပြားကို NUG အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ခေါ်ယူနေပါသည်။

ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးရုံး၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေခြင်းဖြစ်သည်ဟု NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။

အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဘဏ္ဍာရေးနှင့် စီမံရေးရာ အရာရှိများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ စသည်ရာထူးများ ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများကို အလုံးအရင်းဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။

ထို့အပြင် ကျန်းမာရေးမှူးများ ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ ၊ သားဖွားဆရာမများ ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ ၊ ဌာနခွဲစာရေး (BC) ၊ အကြီးတန်းစာရေး (UD) ၊ အငယ်တန်းစာရေး (LD) စသည့် ကျန်းမာရေးဝန်ထမ်းအများအပြားကိုလည်း ခေါ်ယူနေသည်။

လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်၊ စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူဖြစ်ရမည်၊ ချင်းပြည်မှာ တာဝန်ချထားမည့် နေရာများကို သွားရောက်၍ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု သိရသည်။

လျှောက်ထားလိုသူများသည် ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအား အရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တို့တွင် လျှောက်လွှာပုံစံ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်သည်ဟု သိရသည်။

ရွေးချယ်ခံရရသူများသည် လိုအပ်သော သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင် တက်ရောက်ရမည်ဟု သိရသည်။

တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို လက်ရှိကာလမှာ လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင် လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားသည်ဟု သိရသည်။

တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒ များနှင့်အညီ ပေးအပ်သွားမည်ဟု NUG အစိုးရနှင့် ချင်းပြည်အစိုးရတို့၏ ကျန်းမာရေးဝန်ကြီးဌာနများက ကတိပြုထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ တီးတိန်နှင့် ဖလမ်းမြို့တို့တွင်သာ စစ်ကောင်စီတပ်စခန်းများ ကျန်ရှိတော့ပြီး ကျန်ဒေသ အားလုံးကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဖော်ဆောင်နေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.